Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော် ရှိ စကစ ဦးစွန်းတောင် ၅၃၉ စခန်းကုန်းကို AA သိမ်းပိုက်ပြီး ကန်ဇောက် ၃၇၇ တပ်မကို ထိုးစစ်ဆင်တိုက်ခိုက်နေ

ကျောက်တော် ရှိ စကစ ဦးစွန်းတောင် ၅၃၉ စခန်းကုန်းကို AA သိမ်းပိုက်ပြီး ကန်ဇောက် ၃၇၇ တပ်မကို ထိုးစစ်ဆင်တိုက်ခိုက်နေ

AB News – ဇန်နဝါရီ ၁၃၊ ၂၀၂၄

ရက္ခိုင်ပြည်၊ ကျောက်တော်မြိုနယ် ဦးစွန်းတောင် ၅၃၉ ကုန်းစခန်းကို ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက်ထားပြီး ကန်ဇောက်တောင် ၃၇၇ တပ်မကို ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း AB News က ထောက်လှမ်းသိရှိရသည်။

ရက္ခိုင်ပြည်သူများကို နှစ်ရှည်လများ ဒုက္ခပေးနေသော အကြမ်းဖက်စစ်ကောင်စီ၏ ဦးစွန်း တောင် စခန်းကုန်းကို ရက္ခိုင့်တပ်တော်က ယမန်နေ့ ဇန်နဝါရီလ ၁၂ ရက် ညနေ ၅ နာရီ ၄၀မိနစ်တွင် ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ချိန်အတွင်း စကစ တပ်ဖွဲဝင်အချို သေဆုံးမှုများရှိခဲ့ပြီး နီးစပ်ရာကုန်းများသို ထွက်ပြေးခဲ့ကြောင်း သိရသည်။

၎င်းကုန်းကိုသိမ်းပိုက်ပြီးနောက် ကန်ဇောက်တပ်မကို ဝင်သိမ်းလျက်ရှိကာ မီးခိုးများထွက်ပေါ်နေသည် ဟု ဒေသခံတစ် ဦးက AB News သို ပြောသည်။

“AAက ဦးစွန်းတောင်ကုန်းကို မနေ့ညကသိမ်းပိုက်ပြီးပါပြီး ၊ အခုတော့ ကန်ဇောက်တောင်ကို ထိုးစစ်ဆင်နေတယ်၊ မီးခိုးတွေလည်းအများကြီးမြင်နေရတယ် ” ဟု ဆိုသည်။

ကန်ဇောက်တောင်တပ်မသည် စစ်ကောင်စီ၏ လက်နက်အင်အား အများအပြားအထိုင်ချထားသော ကြားခံစခန်းကြီးတစ်ခုဖြစ်သလို ရက္ခိုင်ပြည်သူများ ခရီးသွားလာရာတွင် စစ်ဆေးမှုအတင်းကျပ်ဆုံး အဝင်အထွက်ဂိတ်တစ်ခုလည်း ဖြစ်သည်။

၎င်းတပ်ရင်းများကို ဝင်သိမ်းချိန်တွင် အကြမ်းဖက်စစ်ကောင်စီ ရေတပ်နေဗီမှ လက်နက်ကြီး ၊ လက်နက်ငယ်အတွဲလိုက်ဒုံးများဖြင့် ညလုံးပေါက်တရစပ်ပစ်ကူပေးခဲ့ကြောင်း သိရသည်။

ယနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့တွင်လည်း မင်းပြားအခြေစိုက် စကစ လက်အောက်ခံ စခန်းကုန်း ၁၀ ကျော်ကို ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်နေသည့်အတွက် အကြမ်းဖက် စကစမှ လေကြောင်းပစ်ကူမှုဖြင့် အသည်းအသန်ခုခံနေသည်ကိုတွေ့ရသည်။

လက်ရှိတွင် ရက္ခိုင့်တပ်တော်နှင့် စစ်မြေပြင်တွင် နဖူးတွေ့၊ ဒူးတွေ့ ရှူးမဲမဲနေသော အကြမ်းဖက်စစ်ကောင်စီ အဖွဲသည် မြောက်ဦး မင်းပြား ၊ပေါက်တော၊ ပလက်ဝ ၊ ကျောက်တော်တိုတွင် စစ်ရေးပြင်းထန်လျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ