Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော် ရောင်ဇုံရွာမှ ကိုယ်ထူကိုယ်ထ စာကြည့်တိုက်အတွက် ကလေးဖတ် စာအုပ်များလိုနေ

ABN-ရှိုင်းမိုး

ကျောက်‌တော်မြို့နယ် ရောင်ဇုံရွာတွင် အများသူ စာဖတ်နိုင်ရန် ရည်ရွယ်ပြီး အသက် ၂၂ အရွယ် မောင်ဇော်သန်းဦးသည် ဇန်နဝါရီလ ၇ ရက်နေ့မှစ၍ ကိုယ်ထူ ကိုယ်ထ ရွှေ့လျား စာကြည့်တိုက် (Mobile Library) တစ်ခုပြုလုပ်လျက်ရှိရာ လက်ရှိတွင် စာဖတ်သူများနှင့် စည်းကားလျက်ရှိနေသော်လည်း ကလေးများဖတ်ရန် စာအုပ်များ လုံလောက်မှု မရှိဖြစ်နေကြောင်း ပြောသည်။

လက်ရှိတွင် စာအုပ်လာဖတ်သူအများစု ကျေးရွာများမှ ကလေးငယ်များဖြစ်နေသောကြောင့် ကလေးငယ်များဖတ်ရန်အတွက် ကလေးဖတ် ရုပ်ပြစာအုပ်၊ မဖဲဝါ တာတေစာအုပ်၊ ဝတ္ထုစာအုပ်၊ ကဗျာစာအုပ်၊ တက်ကျမ်းစာအုပ်၊ လောကနီတိစာအုပ်၊ ရခိုင်ကဗျာစာအုပ်၊ ရခိုင်ဟာသစာအုပ်၊ ရခိုင်ဝတ္ထုစာအုပ်၊ ရခိုင်သမိုင်းစာအုပ်နှင့် လူငယ်များအတွက် ဗဟုသုတဖြစ်စေမည့် စာအုပ်များလိုအပ်နေကြောင်း စာအုပ်စင် ပြုလုပ်နေ‌သည့် မောင်ဇော်သန်းဦးက ပြောသည်။

ယခုသူလုပ်နေသည့် စာကြည့်တိုက်ရှိ စာအုပ်များမှာ သူ၏ မုန့်ဖိုးငွေများဖြင့် ၁၀ စုနှစ် တစ်ခုကြာ စုဆောင်း ဝယ်ယူထားသည့် စာအုပ်များဖြင့် ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

ယခုအခါ စာကြည့်တိုက်တွင် ရောင်ဇုံမြောက်ရွာ၊ ရောင်ဇုံတောင်ရွာနှင့် ကြောင်စွယ်ဖြူရွာ စသည့် ရွာ ၃ ရွာက ကလေးများလာရောက်ဖတ်ရှုနေကြကြောင်းပြောသည်။

“ အခု ကလေးတွေဖတ်နေတဲ့စာအုပ်တွေက ကျနော် ဝယ်ဖတ်ပြီး စုထားတာပါ၊ ပထမတော့ ကိုယ်ပိုင်စာကြည်တိုက် ပုံစံနဲ့ထားပြီး ရည်မှန်းချက်ပြည့်တာနဲ့ ရွာအတွက် စာကြည့်တိုက်လုပ်ပေးမယ်ဆိုပြီး စဥ်စားထားတာပါ၊ အခုတော တခြားရွာက ကလေးတွေကိုလည်းဖတ်စေချင်လို့ အခုလိုလုပ်လိုက်တာပါ၊ သူတို့က စနေ့၊ တနင်္ဂနွေနေ့ တွေမှာဆိုရင် နေ့လယ်ဖက် လာဖတ်ကြပါတယ်၊ ဒါပေမယ့် ကျနော့်မှာ အခုရှိနေတဲ့ စာအုပ်တွေက မလုံလောက်ပါဘူး၊ သူတို့ဖတ်သင့်တဲ့ စာအုပ်တွေကိုလည်း ကျနော်ကြိုးစားပြီရှာပေးပါတယ်” ဟု မောင်ဇော်သန်းဦးမှ ပြောသည်။

ရခိုင်တွင် တိုက်ပွဲများ ငြိမ်သက်နေခဲ့သည့် ၂၀၂၀-၂၀၂၁ ခုနှစ်များတွင် စစ်တွေ၊ ပုဏ္ဏားကျွန်း စသည့်မြို့နယ်များတွင် စာဖတ်အား မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် Mobile Library ရွှေ့လျားစာကြည့်တိုက်များ ပြုလုပ်ခဲ့ကြသည် သို့သော်လည်း ကိုဗစ်နဲ့ တိုက်ပွဲများကြောင့် စာကြည့်တိုက်များမှာ ရပ်တန့်ထားရသည်ကိုတွေ့ရသည်။

ရောင်ဇုံရွာတွင် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်ကလည်း ကျေးရွာစာကြည့်တိုက်တစ်ခုကို ဖွင့်လှစ်ခဲ့ပြီး ထိုစာကြည့်တိုက်မှာ အောင်မြင်မှုမရရှိခဲ့ဘဲ လက်ရှိအချိန်တွင် စာကြည့်တိုက်ဆောင်မှ အဘက်ဘက်မှ ယိုယွင်းပျက်စီးလျက်ရှိနေသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ