Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော် မဟာမုနိ ဘုရားတွင် စစ်ကောင်စီတပ်မှ ဘုရားဖူးလာသူများအား မှတ်ပုံတင်စစ်ဆေးနေပြီး မပါလျှင် ဘုရားဖူးခွင့်မပြုဟုသိရ

ရခိုင်ပြည် ကျောက်တော်မြို့နယ်ရှိ မဟာမုနိ ဘုရားတွင် စစ်ကောင်စီတပ်မှ ဘုရားဖူးလာသူများအား ယနေ့ နိုဝင်ဘာ ၄ ရက်နေ့တွင် မှတ်ပုံတင် စတင် စစ်ဆေးနေပြီး မှတ်ပုံတင် မပါလာသူများကို ဘုရားဖူးခွင့် မပေးကြောင်း ဘုရားဖူး ဒေသခံတစ်ဦး ပြောကြားချက်အရ သိရသည်။

မဟာမုနိဘုရားရှိ မုဌ်ဝ ၄ ခုလုံးတွင် စစ်ကောင်စီတပ်သားများ လုံခြုရေး တင်ကြပ်စွာ နေရာယူချထားကာ ဘုရားဖူးလာသူများအား မှတ်ပုံတင် စစ်ဆေးနေပြီး မှတ်ပုံတင် မပါလာသည့် ဘုရားဖူးပြည်သူများကို ဘုရားဖူးခွင့် မပေးကြောင်း သိရသည်။

ကျမတို့ ဒီနေ့ မနက်က ဘုရားဖူးဖို့သွားတာ အနီးနားကဆိုတော့ မှတ်ပုံတင်လည်း ယူမသွားခဲ့ဘူး၊ ဘုရားအဝင်ဝမှာ ဘုရားဖူးလာတဲ့ တစ်ယောက်ချင်းစီတိုင်းကို မှတ်ပုံတင်စစ်ဆေးနေတာကိုတွေ့ပါတယ်။ ကျမတို့လည်း စစ်ခံရတယ် ဒီနား ရွာကဘဲလို့ ပြောတာတောင််မရဘူး၊ ဘုရားမဖူးဘဲ ပြန်လာခဲ့ရတယ် ဟု သူမ၏ အတွေ့အကြုံကို ပြောပြသည်။

ဘုရားဖူးလာသူများအား မှတ်ပုံတင် စစ်ဆေးနေသည့် စစ်ကောင်စီတပ်မှာ ထို မဟာမုနိဘုရားတွင် တပ်စွဲထားသည့် အဖွဲ့မှ ဖြစ်သည်။

ထို့အပြင် ဘုရားကြီး သိမ်တော်ကို ပြုပြင် မွမ်းမံနေကြသည့် ပန်းရံလက်သမားများ၏ ဖုန်းများကိုလည်း ယမန်နေ့က သိမ်းယူ စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး ယခုအခါ မှတ်ပုံတင် မပါသည့် ပန်းရံလုပ်သားများကို အလုပ်လုပ်ခွင့် မပေးတော့ကြောင်း စုံစမ်းသိရှိရသည်။

အောက်တိုဘာလအတွင်းကလည်း မဟာမုနိ ဘုရားသို့ ဘုရားဖူးလာသည့် အပြစ်မဲ့ အရပ်သားပြည် ၂ ဦးကို ရက္ခိုင့်တပ်တော်နှင့် ဆက်စပ်သည်ဟုဆိုကာ စကစမှ ဖမ်းဆီးခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ