ရခိုင်ပြည်၏ အထင်ကရ ဆင်းတုတော်တစ်ဆူဖြစ်သည့် မဟာမုနိဘုရားတွင် ပန်းရံလုပ်နေကြသည့် အလုပ်သမား ၃၀ ဦး၏ ဖုန်းများကို စစ်ကောင်စီတပ်က သိမ်းယူပြီး ဖုန်းများအား စစ်ဆေးခဲ့ကြောင်း ဒေသခံများ၏ ABN သတင်းဌာနသို့ သတင်းပေးပို့ချက်အရ သိရသည်။
ဘုရားတွင် လုပ်ကိုင်နေကြသည့် ပန်းရံသမားများမှာ ထိုဘုရားတွင် အလုပ်လုပ်ကိုင်နေကြသည်မှာ နှဈခြီကွာွမင့ျနပွေီဖွဈပွီး ယခင်က ယခုကဲ့သို့ စစ်ဆေးမှု မရှိခဲ့ကြောင်း ဒေသခံ တစ်ဦး က ပြောသည်။
အရင်ကတော့ အခုလို စစ်ဆေးတာ မရှိဘူး။ သူတို့က ဘုရားမှာ ဘုရားရင်ပြင် ပြုပြင်နေတာ ကြာပြီဆိုတော့ ဘုရားမှာ တပ်ချထားတဲ့ စစ်သားတွေနဲ့ အချင်းချင်းလည်း သိနေကြပြီ။ ဒီနေ့ မနက်မှ ဘာကြောင့် စစ်တယ်ဆိုတာတော့ မသိဘူး။ သူတို့ (စကစ) က ဖုန်းတွေကို နေ့ခင်း ၁၂ နာရီမှာ ပြန်ပေးမယ်လို့ ပြောထားတယ် သိရပါတယ် ဟု ပြောသည်။
အသိမ်းခံထားရသည့် ပန်းရံသမားများ၏ ဖုန်းများကို နေ့လည် ၁၂ နာရီတွင် ပြန်ပေးမည်ဟု စကစတပ်ဖွဲ့က ပြောထားသော်လည်း ABN က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းချီန် ၁၂ နာရီ ခွဲခန့်အချိန်ထိ ဖုန်းများကို ပြန်လည် မရရှိသေးကြောင်း သိရသည်။
ကျောက်တော် မဟာမုနိဘုရား ရင်ပြင်တော်တွင်ရှိသည့် တိုင်များကို ပြန်လည်ပြုပြင်မွမ်းမံခြင်းကို ကမ္မဌာနာစရိယ ဓမ္မကထိကဆရာတော် တပါးဖြစ်သည့် မြောက်ဦး ရတနာ့မာန်အောင်ဆရာတော်မှ ဦးစီး ပြုပြင်မွမ်းမံနေခြင်းဖြစ်ပြီး ထိုပြုပြင်မွမ်းမံခြင်းကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့မှ စတင်ကာ ပြုလုပ်နေခြင်းဖြစ်သည်။