Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်-ပလက်ဝ ရေကြောင်းလမ်းကို ပြန်ပိတ်သွားမည်ဟု နယ်လုံ ဝန်ကြီးပြော

ရခိုင်ပြည်တွင် ကျောက်တော်-ပလက်ဝ ရေကြောင်းကိုလမ်းကိုပြန်ပိတ်သွားမည်ဟု ပြီးခဲ့သည့်ဒီဇင်ဘာလ ၁၉ရက် စစ်တွေ လွှတ်တော်ရုံး တွင်ပြုလုပ်ခဲ့သည့် အစည်းဝေးတွင်နယ်လုံဝန်ကြီးကျော်သူရက ပြောကြားခဲ့သည်ဟုသိရသည်။

၎င်းလမ်းကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ရက်နေ့ကဖွင့်ပေးခဲ့ပြီး ဒီဇင်ဘာလ ၁၉ရက်နေ့က ထွေအုပ်များနဲ့ ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ခိုင်လုံသည့်သတင်းအရင်းအမြစ်က ABNကိုပြောသည်။

“ဟုတ်ပါတယ်ဗျ အစည်းဝေးခေါ်တာကြတော့ လွှတ်ရုံးမှာဖြစ်ပါတယ် နယ်လုံဝန်ကြီးအပါအဝင် ထွေအုပ်တွေပါပါတယ် နယ်လုံဝန်ကြီးပြောသွားတာကတော့ ကျောက်တော်-ပလက်ဝရေကြောင်းလမ်းပြန်ပိတ်သွားမယ်လို့ဆိုပါတယ် ဒါပေမဲ့အချိန်ကိုတော့တိတိကျကျမပြောခဲ့ပါဘူး” ဟုပြောသည်။

ထို ကျောက်တော်-ပလက်ဝ ရေလမ်းကြောင်းကို ဒီဇင်ဘာလ ၃ ရက်နေ့က ဖွင့်ခဲ့သော်လည်း ယနေ့အချိန်ထိ ပြည်သူပိုင် ရေယာဥ်များကို သွားလာခွင့်ပိတ်ထားခဲ့ပြီး စစ်တပ်ပိုင် ရေယာဥ်ဖြင့်သာ ခေါက်တုန့်ခေါက်ပြန် သွားလာနေခြင်းဖြစ်သည်။

ထို့အပြင် ယနေ့နံနက် ၉ နာရီခွဲအချိန်ခန့်က ကျောက်တော်မှ ပလက်ဝသို့ ကျောက်တော် စကခ ၉မှ လက်နက်၊ စားနပ်ရိက္ခာအပြည့်ဖြင့် နေဗီ ၄ စီး ရိက္ခာအပြည့်ဖြည့်ကာ သွားနေကြောင်း ဒေသခံများ သတင်းပေးချက်အရသိရသည်။

ပုံ-ကျောက်တော်မှ ပလပ်ဝသို့ ရိက္ခာအပြည့်ဖြင့် သွားသည့် စစ်တပ်ပိုင်နေဗီအား တွေ့ရစဥ်

ကျောက်တော်-ပလက်ဝ ရေကြောင်းလမ်းကို ပြန်ပိတ်သွားမည်ဟု နယ်လုံ ဝန်ကြီးပြော

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ