Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော် – ပလက်ဝ ရေ‌ကြောင်းလမ်းကို စစ်ကောင်စီက ပြန်လည်ဖွင့်ပေး

ရခိုင်တွင် ယနေ့ဒီဇင်ဘာလ ၃ ရက်နေ့မှ စကာ ကျောက်တော် – ပလက်ဝ ရေကြောင်းခရီစဉ်ကို စစ်ကောင်စီက ဖွင့်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

ထိုခရီးစဉ်ကို ပြီးခဲ့သည့် သြဂုတ်လအစောပိုင်းခန့်ကတည်းက စစ်ကောင်စီတပ်က ၄လကျော်ကြာ ပိတ်ပင်ထားခဲ့သည်။

ထိုသို့ ရေကြောင်းခရီးစဉ်ကို ပိတ်ပင်ထားခဲ့သည့်အတွက်ကြောင့် ပလက်ဝဒေသတွင် ကုန်စည်စီဆင်းမှု ပြတ်တောက်ကာ ကုန်စျေးနှုန်းများမျာလည်း အဆမတန် မြင့်တက်ခဲ့ပြီး ယနေ့ ဒီဇင်ဘာလ ၃ ရက်‌နေ့တွင် ပြန်လည်ဖွင့်ပေးလိုက်ခြင်းဖြစ်သည်။

“ရေလမ်းကြောင်းတွေပွင့်နေပြီ စစ်တွေ-ဘူးသီးတောင်-သင်္ဘော အမြန်ယာဉ်

ကျောက်တော်-ပလက်ဝ ရေနယား၊ စစ်တွေ-မြောက်ဦး-အမြန်ယာဉ်

ရေလမ်းကြောင်းပွင့်နေပါပြီ” ဟုစစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက သူ၏ လူမှုကွန်ယက် စာမျက်နှာပေါ်တွင် ရေးသားဖော်ပြထားသည်။

စစ်တွေမြို့နယ် ရေချမ်းပြင် – အငူမော် ရေကြောင်းခရီးစဉ်များကိုလည်း မကြာမီအချိန်တွင် ပြန်လည်ဖွင့်ပေးမည်ဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ယက်တွင် ဖော်ပြထားသည်။

ရခိုင်တွင် ၂၀၂၂ခုနှစ် အစောပိုင်းက စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ တကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည့် အချိန်မှ စကာ စစ်‌ကောင်စီတပ်က ရခိုင်ပြည်ရှိ ကုန်းလမ်း၊ ရေလမ်းများကို တားဆီးပိတ်ပင်မှုများ ရှိခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်နေ့က ပြုလုပ်ခဲ့သော စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AAတို့အကြား လူသားချင်းစာနာ‌ထောက်ထားမှုဆိုင်ရာ ယာယီအပစ်အခတ် ရပ်ဆိုင်းလိုက်သည့်အချိန်မှစကာ စစ်ကောင်စီတပ်မှ ဆက်သွယ်ရေးလမ်းများကို ပြန်လည်ဖွင့်ပေးလာခဲ့ခြင်းဖြစ်သည်။

သို့သော် စစ်တွေ – ပုဏ္ဏားကျွန်းကားလမ်းမကိုမူ လက်ရှိအချိန်ထိ ပြန်လည်ဖွင့်ပေးခြင်းမရှိသေးသည့်အတွက် ကုန်တင်ကား စီးရေ ၆၀ ကျော်ခန့်၊ ကုန်ကားမောင်းသမားများနှင့် ယာဉ်အကူစုစုပေါင်း ၁၂၀ခန့်မှာ လမ်းမပေါ်တွင်သာ ပိတ်မိနေလျက်ရှိနေကြသေးသည်။

ကျောက်တော် - ပလက်ဝ ရေ‌ကြောင်းလမ်းကို စစ်ကောင်စီက ပြန်လည်ဖွင့်ပေး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ