Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော် ဆန်စက်ပိုင်ရှင်နှင့်အတူ ပူတွဲတရားစွဲဆိုခံထားရသူအား ယနေ့ (၁၉)ကြိမ်မြောက် ရုံးထုတ် တရားလိုပျက်ကွက်

ABN-ထက်မြတ်ခင်

ဩဂုတ် ၁၇ရက်

ကျောက်တော်မြို့နယ်မှ ဆန်စက်ပိုင်ရှင်နှင့်အတူ ဖမ်းဆီးခံခဲ့ရသည့် အဖော်အဖြစ်လိုက်ပါလာသူကို ယနေ့ ဩဂုတ်လ ၁၇ရက်နေ့တွင် (၁၉)ကြိမ်မြောက် ရုံးထုတ်ခဲ့သော်လည်း စစ်ကောင်စီဖက်မှ တရားလိုမရောက်ရှိကြောင်းသိရသည်။

ပုဒ်မ ၁၇(၁) ဖြင့် တရားစွဲဆိုခံထားရသည့် ဆန်စက်ပိုင်ရှင်နှင့် အဖော်ဖြစ်သူ ကိုမောင်ချေ(ခ)မောင်သက်စိုးကို ယနေ့နံနက်အချိန်က စစ်တွေမြို့နယ် တရားရုံးတွင်ရုံးထုတ်ခဲ့သည်။

ထိုရုံးထုတ်သည့်စစ်တွေသို့ သွားရန် မောင်သက်စိုး၏ဇနီးဖြစ်သူမှာငွေကြေးအခက်ခဲ့ရှိသည့်အတွက် မသွားရောက်နိုင်ခဲ့ကြောင်း ပြောသည်။

“ဒီနေ့ ကျမယောက်ျားကို ရုံးထုတ်တာကို ကျမ မသွားနိုင်ခဲ့ပါဘူး၊ မကြာခဏရုံးထုတ်တော့ ကျမတို့အတွက်က သွားလာရေးစရိတ်ကမလွယ်သလို တစ်ဖက်မှာလည်း ကျမမှာကလေးကရှိသေးတယ်” ဟုပြောသည်။

လက်ရှိတွင် မောင်သက်စိုး၏ ဇနီးမှာ ၂ နှစ်အရွယ်ကလေးတစ်ဦးနှင့် လုပ်ကိုင်စားသောက်နေရပြီး လင်ယောက်ျား ဖြစ်သူမှာ အကျဉ်းထောင်၌ နာမကျန်းဖြစ်နေသည့်အတွက် အပြစ်မရှိလျှင်ပြန်လွှတ်ပေးစေလိုကြောင်းပြောသည်။

“ကျမယောက်ျားမှာ သွေးတိုးနာရှိပါတယ်၊ ကျမတို့က သူ့ကိုအမြန်ဆုံးပြန်လွှတ်ပေးစေချင်ပါတယ်၊ နောက်လာမယ့် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပဲ

ဖြစ်ဖြစ် လွှတ်ပေးစေချင်ပါတယ်၊ ကျမယောက်ျားမှာအပြစ်မရှိလူးလို့လည်း ထင်ပါတယ်၊ အပြစ်မရှိလို့လည်း သူနဲ့အတူ ဖမ်းဆီးခံရတဲ့ အစ်ကိုက ပြန်လွတ်လာခဲ့တာပါ” ဟုပြောသည်။

အဖော်ဖြစ်သူ ကိုမောင်ချေ(ခေါ်)မောင်သက်စိုးမှာ ကျောက်တော်မြို့နယ်၊ ပေါက်ဝကျေးရွာ ချောင်းဖျားရပ်ကွက်မှဖြစ်ပြီး ဆန်စက်ပိုင်ရှင် ဦးလှမောင်သန်းနှင့်အတူ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့က ကန်စောက် တပ်ရင်းတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ယင်းနောက်တွင် စစ်ကောင်စီက ထိုသူ ၂ ဦးအား စစ်တွေမြို့ အကျဉ်းထောင်တွင် ဖမ်းဆီးထားပြီး မတရားအသင်းဆက်သွယ်မှု ဥပေဒ ပုဒ်မ ၁၇ (၁)ဖြင့်တရားစွဲဆိုပြီး ဦးလှမောင်သန်းကို စစ်ပုန်ကန်မှု ဥပဒေ ပုဒ်မ ၁၃၁ ဖြင့် ထပ်တိုးတရားစွဲဆိုခဲ့သည်။

ထိုသို့ ပုဒ်မ ၂ ခုဖြင့်တရားစွဲဆိုခံထားရသည့် ဦးလှမောင်သန်းမှာ လွတ်ငြိမ်းချမ်းသာဖြင့် ပြီးခဲ့သည့် သြဂုတ်လ ၂ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာသော်လည်း ကိုမောင်သက်စိုးမှာ လွတ်မြောက်လာခြင်းမရှိသေးဘဲ အမှုဆက်လက်ရင်ဆိုင်နေရခြင်းဖြစ်သည်။

ကျောက်တော် ဆန်စက်ပိုင်ရှင်နှင့်အတူ ပူတွဲတရားစွဲဆိုခံထားရသူအား ယနေ့ (၁၉)ကြိမ်မြောက် ရုံးထုတ် တရားလိုပျက်ကွက်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ