Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော် စစ်ဘေးရှောင်စခန်းတာဝန်ခံများကို စစ်ကောင်စီက ခေါ်ယူပြီး စစ်ဘေးရှောင်များနေရပ်ပြန်ရန် တစ်အိမ်ထောင်လျှင် ငွေ ၆သိန်းပေးမည်ဟုပြော

ကျောက်တော် စစ်ဘေးရှောင်စခန်းတာဝန်ခံများကို စစ်ကောင်စီက ခေါ်ယူပြီး စစ်ဘေးရှောင်များနေရပ်ပြန်ရန် တစ်အိမ်ထောင်လျှင် ငွေ ၆သိန်းပေးမည်ဟုပြော

ABN- ရှိုင်းမိုး

ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ကျောက်‌တော်မြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ကျောက်‌တော်မြို့နယ်မှ စစ်ဘေးရှောင်စခန်းများ၏ တာဝန်ခံများကို အစည်းအဝေး ခေါ်ယူပြီး စစ်ဘေးရှောင်များနေရပ်ပြန်ရန် ငွေ ၆သိန်းပေးမည်ဟုပြောခဲ့ကြောင်း စစ်ဘေးရှောင်စခန်းတာဝန်ခံများက ပြောသည်။

ထိုအစည်းဝေးတွင် စစ်ဘေးရှောင်များ နေရပ်ပြန်ချင်လျှင် တစ်အိမ်ထောင်လျှင် ငွေ ၆သိန်းကျပ်စီပေးမည်ဟု ပြောပြီး၊ နေရပ်မပြန်သည့် စစ်ဘေးရှောင်များကို မပေးဟု အစည်းဝေးတွင်ပြောခဲ့ကြောင်းသိရသည်။

ထိုစစ်ဘေးရှောင်များပြန်ချင်ရင် စရင်းပေးရမည်ဖြစ်ပြီး၊ နေရပ် မပြန်ချင်သည့် စစ်ဘေးရှောင်များကို သူတို့ပြန်ချင်တဲ့အချိန်မှာ ငွေလာတောင်း၍ မရကြောင်းပြောကြားခဲ့သည်။

နေရပ်ပြန်လိုသည့် စစ်ဘေးရှောင်များအနေဖြင့် စာရင်းပေးသွင်းရမည်ဖြစ်ပြီး မပြန်ဘဲ နေသည့် စစ်ဘေးရှောင်များမှ ပြန်ချင်သည့်အချိန်၌ ငွေလာတောင်း၍ မရကြောင်း အစည်းအဝေးတွင် ပြောခဲ့ကြောင်း သိရသည်။

“ပြန်ချင်တဲ့ စစ်ဘေးရှောင်တွေကို တစ်အိမ်ထောင်ကို ငွေ ၆သိန်းကျပ်ပေးပါတယ်၊ မပြန်ချင်တဲ့သူတွေကျ မပေးဘူး၊ ကျွန်တော်ပြန်ခိုင်းတဲ့ အချိန်မှာ မပြန်တဲ့သူတွေကိုကျတော ကျွန်တော်ဖက်က သူတို့ပြန်တဲ့ခါငွေ ပေးမှာမဟုတ်ဘူး” ဟု အစည်းဝေးတွင် ပြောကြားခဲ့သည်သည်။

တာဝန်ရှိသူများမှ စစ်ဘေးရှောင်များကို ခေါ်ပြီးမေးကြည့်ရာတွင် ပြန်ချင်တဲ့သူတွေရှိသလို မပြန်ချင်သည့် စစ်ဘေးရှောင်များလည်းရှိသည်ဟု ကျောက်တော် ရထားဘူတာစစ်ဘေးရှောင်စခန်း၏ တာဝန်ခံ ဦးမောင်ဝင်းမှ ပြောသည်။

“ ကျွန်တော် သူတို့ကို အစည်းဝေးခေါ်ပြီးမေးကြည့်ပါတယ်၊ ဒါပေမယ့် လူတိုင်းကတော့မပြန်ချင်ပါဘူး ဘာကြောင့်လဲဆိုတော့ မိုင်းအန္တရာယ်တွေကိုကြောက်ကြပါတယ်၊ နောက်ပြီးတော့ တချို့လူတွေမှာဆိုရင် နေစရာအိမ်လည်း မရှိကြတော့ဘူး” ဟု စစ်ဘေးရှောင်များက ပြောကြောင်းဆိုသည်။

“အိမ်မပြန်ချင်တဲ့သူဆိုတာ ဘယ်သူရှိမှာလဲ၊ ဒီလိုဒုက္ခခံပြီးဘယ်သူမှ နေချင်တာမဟုတ်ပါဘူး၊ ဒါပေမယ့် ကျွန်မတို့အိမ်ပြန်ရင် မိုင်းအန္တရာယ်တွေမရှိနိုင်ဘူးလို့ ဘယ်သူကအာမခံပေးမှာလဲ၊ ကျွန်မတို့က မရှိဆင်းရဲသားတွေပါ။ လူတစ်ယောက် မိုင်းနင်းမိရင်သေတာထက်မခြားနားပါဘူး” ဟု ကျောက်တော် သရက်အုပ် စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

ကျောက်တော်ရှိ စစ်ဘေးရှောင်များမှာ ချင်းပြည်နယ် ပလက်ဝမြို့နယ် နှင့် ကျောက်‌တော်မြို့နယ်တို့က စစ်ဘေးရှောင်များဖြစ်ကြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ