Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော် ကုလားတန်မြစ်ကမ်းနားရှိ ကျေးရွာ တစ်ရွာကို စကစ နေဗီမှ ပစ်ခတ်သည့် ကျည်ကျ၊ ရွာသား ၄ ဦးဒဏ်ရာပြင်းထန်ရ၊ နေအိမ် ၂ လုံးပျက်စီး

 

ရခိုင်ပြည် ကျောက်တော်မြို့နယ် ကုလားတန်မြစ် ကမ်းနားရှိ ကျေးရွာ တစ်ရွာကို ယနေ့နံနက် ၉ နာရီခွဲခန့်က စစ်ကောင်စီတပ် နေဗီမှ ပစ်ခတ်သောကြောင့် ရွာသား ၄ ဦး ဒဏ်ရာပြင်းထန်ရရှိပြီး နေအိမ် ၂ လုံး ပျက်စီးသွားကြောင်း ABN သတင်းဌာနက စုံစမ်းသိရှိရသည်။

ဒဏ်ရာရရှိသွားသူများမှာ ကျောက်တော်နယ် ရွှေပြည်သစ်ရွာမှ မမိုးမိုးရီ အသက် ၂၁ နှစ်၊ ဦးမောင်တူးချေ အသက် ၈၀ နှစ်၊ ဒေါ်ခိုင်ခိုင်မိုး အသက် ၃၁ နှစ်၊ ဦးနိုင်နိုင်ဦး ၃၆ နှစ်တို့ ဖြစ်ကြပြီး ၎င်းတို့ အိမ်များကို ကျည်ကျရောက်၍ ပြင်းထန် ဒဏ်ရာများရရှိခဲ့ကြကြောင်း ရွာသားတစ်ဦးက ABN ကို အတည်ပြု ပြောကြားသည်။

“ ဒီနေ့ မနက် ၉ နာရီခွဲလောက်မှာ ဦးနိုင်နိုင်ဦး အိမ်ကို ကျည်ကျတယ်။ အဲဒီအိမ်က သူအပါအဝင် သူ့အိမ်ရှင်မ ခိုင်ခိုင်မိုးနှင့် အဖိုး ဦးမောင်တူးချေတို့ကို ကျည်ထိပြီးတော့ ဒဏ်ရာ ရသွားတာပါ။ ဒဏ်ရာက တော်တော်ပြင်းပါတယ်။ နောက်တစ်ယောက်ကတော့ ဦးနိုင်နိုင်ဦးအိမ်နဲ့ အိမ်ရှင်းကပ် အိမ်က ဖြစ်ပါတယ်” ဟု ပြောသည်။

လက်နက်ကြီးများမှာ ဦးးနိုင်နိုင်ဦး အိမ်နှစ် အိမ်ချင်းက နောက်ဖေးက အိမ်ကို ကျည်ကျခဲ့တာဖြစ်ပြီး နေအိမ်များမှာလည်း အားလုံးပျက်စီးသွားကြောင်း သိရသည်။

ပစ်ခတ်သည့် စစ်ကောင်စီတပ် ရေတပ်နေဗီ ၂ စီးမှာ ယနေ့ နံနက် ၆ နာရီ မိနစ် ၄၀ ကျော်က ကျောက်တော်မြို့နယ် ရောင်ဇုံ ကျေးရွာဖက်မှ ကုလားတန်မြစ်တလျှောက် တက်သွားသည့် နေဗီဖြစ်ပြီး ပီချောင်းဝ အရောက်တွင် ထိုနေပီများမှ စတင် ပစ်ခတ်ခြင်း ဖြစ်သည်ဟု သိရသည်။

နောက်တစ်ရွာ ဖြစ်သည့် မြင်းကပ်ရွာမှ နေဗီမှ ပစ်ခတ်သည့် ကျည်ကျ၍ ရွာသား ၂ ဦးသေဆုံးပြီး၊ ၁ ဦးမှာ ပြင်းထန်ဒဏ်ရာရှိထားကြောင်း သိရှိထားရသည်။ အသေးစိပ်ကိုမူ စုံစမ်းနေဆဲဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ