Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော် ကန်ဇောက်တောင်တွင် အိန္ဒိယသုံးဘီး ( တုတ်တုတ်) ၁စီးမှောက်၍ ၅ဦးဒဏ်ရာရ

ကျောက်တော် ကန်ဇောက်တောင်တွင် အိန္ဒိယသုံးဘီး ( တုတ်တုတ်) ၁စီးမှောက်၍ ၅ဦးဒဏ်ရာရ

ABN-ရှိုင်းမိုး

ကျောက်တော်မြို့နယ်တွင် ယနေ့ နံနက် ၉နာရီကျော်အချိန်တွင် ကန်ဇောက်တောင်အဆင်း၌ အိန္ဒိယသုံးဘီး၊ (တုတ်တုတ်) ၁စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့မှုကြောင့် ၅ ဦးဒဏ်ရာရရှိသွားသည်ဟုသိရသည်။

ဒဏ်ရာရရှိသူများမှာ အမျိုးသမီးများဖြစ်ကြပြီး ထို ၅ဦးထဲမှာ ၂ဦးမှာ ဒူးနှစ်ဖက်တွင် ဒဏ်ရာပြင်းထန်ပြီး ကျန် ၃ဦးမှာ ဒဏ်ရာအနည်းငယ်သာရရှိသည်ဟု ပြောသည်။

“ဒဏ်ရာရသွားတဲ့ ၅ယောက်ကတော့ သက်ကြီးပိုင်တွေမပါပါဘူး၊ ၄၀ကျော် ၁ယောက်ပါတယ်၊ တခြားလူတွေက ၁၀ကျော်တွေပါ၊ ၂ယောက်ကတော့နည်းနည်းပြင်းတယ်၊ တခြား ၃ယောက်ကတော့ သိပ်မများပါဘူး” ဟု မျက်မြင်သက်သေတစ်ဦးက ပြောသည်။

အဆိုပါ ကန်ဇောက်တောင်သည် တောင်အဆင်းတွင် ယာဉ်များတိမ်းမှောက်လေ့ရှိပြီး ထိခိုက်ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများလည်း မကြာခဏရှိကြောင်း နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

“ကန်ဇောက်တောင်ကတော့ နည်းနည်းဂရုစိုက်လို့သွားရပါတယ်၊ ဘာလို့လည်းဆိုတော့ အဲဒီတောင်မှာ မကြာခဏဖြစ်ပွားလေ့ရှိတယ်၊ ဆိုင်ကယ်တွေလည်းမကြာခဏမှောက်တယ်၊ သေသွားတဲ့သူတွေလည်းရှိတယ်” အမြဲလိုလိုဖြစ်နေတဲ့နေရာလို့ ပြောလို့ရတယ်၊ တော်တော်လေးကို သတိထားမောင်းရတယ်”ဟုပြောသည်။

လက်ရှိတွင် ထို ၅ဦးကို ကျောက်တော်ဆေးရုံးကြီးသို့ပို့ဆောင်ထားသည်ဟုသိရသည်။

ဧပြီလ ၆ရက်နေ့ကလည်း မောင်တော-ကျောက်ပန်းတူလမ်းတွင် သုံးဘီမှောက်၍ မိသားစု ၆ဦးဒဏ်ရရှိသွားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ