သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ စကခ ၉ လက်အောက်ခံ ခမရ ၃၇၆ တပ်ရင်းကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်ခဲ့ကြောင်း ညီနောင် ၃ဖွဲ့ ထုတ်ပြန်

AB News – ဖေဖော်ဝါရီ ၆၊ ၂၀၂၄

ကျောက်တော်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ စကခ ၉ လက်အောက်ခံ ခမရ ၃၇၆ တပ်ရင်းကို ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၂ ရက်နေ့၊ နေ့လယ် ၂ နာရီအချိန်တွင် ရက္ခိုင့်တပ်တော်က သိမ်းပိုက်ခဲ့ကြောင်း ညီနောင် ၃ဖွဲ့ ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်တွင် “ကျောက်တော်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ စကခ ၉ လက်အောက်ခံ ခမရ ၃၇၆ တပ်ရင်း တစ်ရင်းလုံး အား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့၊ နေ့လယ် ၂ နာရီအချိန်တွင် ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်” ဟု ဖော်ပြထားသည်။

ရက္ခိုင်ပြည် မင်းပြား၊ ကျောက်တော်နှင့် မြောက်ဦးမြို့မှ လက်နက်ချအညံ့မခံသောစစ်ကောင်စီ၏ လက်ကျန်တပ်စခန်းအချို့ကို ရက္ခိုင့်တပ်တော်မှ ဆက်လက်ချေမှုန်းထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသောကြောင့် ရက္ခိုင်ဒေသအတွင်း တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ယမန်နေ့တွင်လည်း ရက္ခိုင်ဒေသအတွင်း ယခင်ရက်များကဲ့သို့ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီသည် ရက္ခိုင်ပြည်သူလူထုအပါအဝင် မြန်မာပြည်အနှံ့ရှိ ၎င်းတို့ကိုမကြိုက်၍ တော်လှန်နေကြသော ဒေသများ၌ ပြည်သူလူထုများအပေါ် စစ်ရာဇဝတ်မှုများကို ဆက်တိုက်ကျူးလွန်လျက်ရှိသည်ကို တွေ့ရကြောင်းဆိုသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၀ရက်နေ့တွင် ရက္ခိုင်ပြည်ရှိ ကျောက်တော်မြို့အခြေစိုက် ခမရ ၃၇၄ တပ်ရင်းကို ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက်ခဲ့ကြောင်း  ညီနောင် ၃ဖွဲ့ထုတ်ပြန်ခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး ယမန်နေ့တွင်လည်း ဒုတိယနေ့အဖြစ် စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်စခန်းတစ်ခုဖြစ်သော ဘင်္ဂလာ-ရက္ခိုင်နယ်စပ်၊ မောင်တောမြို့ရှိ တောင်ပြို (လက်ဝဲ) စခန်းအား ရက္ခိုင့်တပ်တော်မှ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

Website
www.arakanbaynews.com
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ