Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်မှ လူထုဇော်ဝင်းအမှုကို အပြီးသတ်အမိန့်မချမှတ်သည့်ပြင် ရုံးချိန်းထပ်မံရွှေ့ဆိုင်း

ကျောက်တော်မှ လူထုဇော်ဝင်းအမှုကို အပြီးသတ်အမိန့်မချမှတ်သည့်ပြင် ရုံးချိန်းထပ်မံရွှေ့ဆိုင်း

ABN-ရှိုင်းမိုး

စစ်ကောင်စီမှ မတရားဖမ်းဆီးပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅ ( က ) ဖြင့် တရားစွဲဆိုခံထားရသည့် ကျောက်တော်ဒေသခံ ၃ဦးကို ၊ ယနေ့ရုံးချိန်တွင် အမိန့်ချမည်ဟု ပြောထားသော်လည်း အမိန့်မချလိုက်ဘဲ ရုံးချိန်းထပ်မံရွှေ့ဆိုင်းလိုက်သည်ဟုသိရသည်။

ယနေ့ ၁၀နာရီကျော်အချိန်တွင် လူထုဇော်ဝင်းအပါဝင် ဒေသခံ ၃ဦးကို ကျောက်တော်မြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့သည်။

“ဒီနေ့ ရုံးချိန်မှာ အမိန့်ချမယ်ပြောထားပါတယ်၊ ဒါပေမယ့် မချပါဘူး၊ ဒီတိုင်းရုံးချိန်းရွှေ့လိုက်ပါတယ်၊ အပြစ်ရှိတယ်ဆိုရင်လည်း အပြစ်ပေးစေချင်နေပြီး၊ အခုက ရုံးချိန်းတွေပဲ ရွှေ့ဆိုင်းနေတယ်၊ အပြစ်မရှိရင်လည်း ပြန်လွတ်မြောက်စေချင်ပါပြီ” ဟု လူထုဇော်ဝင်းဇနီးကပြောသည်။

တရားစွဲဆိုခံထားရသူများမှာ ကျောက်တော်မြို့ပြည်တော်သာရပ်ကွက်မှ လူထုဇော်ဝင်း၊ ကျောက်တော်မြို့နယ် ပန်းဖဲချောင်းရွာမှ ကိုဇော်မိုးထက်နှင့် ခေါင်းတုတ်ရွာမှ ‌ကျော်သန်းမောင်တို့ဖြစ်ကြသည်။

ထို ၃ဦးကို တရားစွဲဆိုထားသော တရားလိုများမှာ ဗိုလ်ကြီး ကိုကိုအောင်၊ ဗိုလ်ကြီး မောင်မောင်နိုင်နှင့် ဗိုလ်ကြီး ဝေယံဦးတို့ဖြစ်ကြသည်။

ထို ၃ဦးကို ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ တကျော့ပြန်တိုက်ပွဲဖြစ်ပြီးချိန် ၂၀၂၂ ခုနှစ် ဇွန်လ ၂၀ရက်နေ့တွင် စစ်ကောင်စီတပ်သားများက အပြစ်တစုံတစ်ရာမရှိဘဲ ရက္ခိုင့်တပ်တော်နှင့်ဆက်စပ်သည်ဟု စွပ်စွဲပြီးဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ