Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်မှ ပုဏ္ဏားကျွန်း-စစ်တွေဖက်သို့ စစ်ကောင်စီကား ၃ စီး လက်နက်အပြည့်အစုံဖြင့် သွားကြောင်းသိရ

ယနေ့ ဒီဇင်ဘာ ၂၇ ရက်နေ့ မနက် ၉ နာရီခန့်က ကျောက်တော်မြို့ နယ် ကန်စောက်အခြေစိုက် ၅၃၉ တပ်ရင်းမှ ပုဏ္ဏားကျွန်း-စစ်တွေဖက်သို့ စစ်ကောင်စီ စစ်ကား ၃ စီးဖြင့် စစ်သား လက်နက်အပြည့် တင်ကာ သွားကြောင်း မျက်မှန် ဒေသခံများက ပြောသည်။

“ကျောက်တော် ကန်စောက် ၅၃၉ တပ်က စစ်ကား ၃ စီး လက်နက်ခဲယမ်းအပြည်နဲ့ စစ်တွေဖက်သို့ ထွက်သွားတာ တွေ့လိုက်တယ်။ ဘာကြောင့် သွားတာလဲတော့မသိဘူး” ဟု အမည်မဖော်လိုသူ မျက်မြင်သက်သေ တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ရက္ခိုင့်တပ်တော်နှင့် အပစ်အခတ်ရပ်စဲထားသော်လည်း စစ်ရေးလှုပ်ရှားသွားလာမှုများကို ရပ်ဆိုင်းခြင်း မပြုသည့်အပြင် နေ့စဥ်နီးပါး ရခိုင်ပြည် မြို့နယ်တိုင်းရှိ စစ်ကောင်စီ တပ်ရင်းများသို့ စားနပ်ရိက္ခာနှင့် လက်နက်ခဲယမ်းများ ဖြည့်လျက်ရှိသည်။

ယနေ့ ဒီဇင်ဘာ ၂၇ ရက်နေ့မနက် ၇ နာရီခွဲခန့်က မင်းပြားမြို့နယ် ဘူးပင်ရွာအနီးတွင် စစ်သားအင်အား ၇၀ ကျော်ခန့် လက်နက်အပြည့်အစုံဖြင့် စစ်ကြောင်း ၁ ကြောင်း ထွက်လျက်ရှိကြောင်း သိရသည်။

ယမန်နေ့ ဒီဇင်ဘာ ၂၆ ရက်နေ့ကလည်း အမ်းမြို့မှ စစ်ကောင်စီ စစ်ကား ၁၀ စီးဖြင့် မင်းပြားမြို့နယ် တိုင်းဗဟို ၉ သင်တန်းကျောင်းသို့ လက်နက်နှင့် ရိက္ခာများ ဖြည့်တင်းခဲ့ကြောင်း ခိုင်းမာသည့် သတင်းရင်းမြစ်များ သတင်းပေးချက်အရ သိရသည်။

“ကားကတော့ ၁၀စီးပါ ရိက္ခာကားကတော့ ၃ စီး နောက်ကားတွေမှာ စစ်သားတွေပါတယ် စုစုပေါင်းစစ်သားအင်အားကတော့ ၁၅၀ ကျော်လောက်ပါမယ်လို့ခန့်မှန်းရပါတယ်ဟု” ပြောသည်။

အမ်းမြို့နယ်တွင်ရှိသည့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ဖက်သို့ မကွေးတိုင်းဖက်မှ စစ်ကားများဖြင့် ရိက္ခာနှင့် လက်နက်ခဲယမ်းများ လာရောက် ပို့ဆောင် ဖြည့်တင်းမှုများ ရှိကြောင်း ကဇုကိုင်း ရွာသား တစ်ဦး ပြောကြားချက်အရ သိရသည်။

“ကဇုကိုင်း အနီးမှာရှိတဲ့ တပ်တွေကို ရိက္ခာတွေ လာချပေးတာတွေ့ရပါတယ်။ တခါမှ မမြင်ဖူးတဲ့ စစ်သားအသစ်တွေလည်း ကျနော်တို့ တွေ့ပါတယ်။ မကြာခဏ ကား ၁၀ စီးကျော် လာရောက်ပြီး စစ်သားတွေ နေရာချပေးတာ ရိက္ခာဖြည့်နေတာ တွေ့နေရပါတယ်။ ကျနော်တို့ကတော့ တိုက်ပွဲ ပြန်ဖြစ်လာမှာကို စိုးရိမ်နေပါတယ်” ဟု ပြောသည်။

ထို့အပြင် စစ်တွေမြို့ ရွှေမင်းဂံဆိပ်ကမ်းမှ စစ်တပ်ပိုင်နေဗီများဖြင့် နေ့စဥ်နီးပါး မင်းပြား၊ ကျောက်တော်၊ ဘူးသီးတောင်၊ ‌မောင်တော ဒေသများဖက်သို့ ရိက္ခာနှင့် လက်နက်များ ပို့လျက်ရှိကြောင်း ABN က စောင့်ကြည့် လေ့လာမှုများအရ သိရသည်။

ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့အကြား ရခိုင်တွင် တကျော့ပြန် ဖြစ်ခဲ့သည့် တိုက်ပွဲကို လူသားချင်းစာနာမှုဆိုင်ရာ ယာယီ အလွတ်သဘော ပြီးခဲ့သည့် နိုဝင်ဘာ ၂၆ ရက်နေ့ကစပြီး ပစ်ခတ် ရပ်စဲထားသည်မှာ ၁ လခန့် ကြာမြင့်ခဲ့ပြီဖြစ်သည်။

စစ်ကောင်စီတပ်သည် ယခုရက်ပိုင်းအတွင်း ရခိုင်ရှိ စစ်ဘေးရှောင်များကို နေရပ်ပြန်ကြရန် ဖိအား‌ပေး လျက်ရှိသော်လည်း စစ်ဘေးရှောင်အများစုမှာ ၎င်းတို့ ရွာအနီး ရွာအတွင် စစ်ကောင်စီတပ်က တပ်စွဲထားခြင်းနှင့် မိုင်းများကို ရှင်းလင်းမပေးခြင်းများကြောင့် နေရပ်ပြန်ရန် ငြင်းဆန်နေကြကြောင်း သိရသည်။

ကျောက်တော်မှ ပုဏ္ဏားကျွန်း-စစ်တွေဖက်သို့  စစ်ကောင်စီကား ၃ စီး လက်နက်အပြည့်အစုံဖြင့် သွားကြောင်းသိရ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ