Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်မှ နေရပ်ပြန်မည့် စစ်ရှောင်များ နေရပ်မပြန်မီ အဆောင်များကိုဖြိုဖျက်ရန် စစ်ကောင်စီပြော

ကျောက်တော်မှ နေရပ်ပြန်မည့် စစ်ရှောင်များ နေရပ်မပြန်မီ အဆောင်များကိုဖြိုဖျက်ရန် စစ်ကောင်စီပြော

ABN-မေအိအိအောင်

ကျောက်တော်မြို့နယ်မှ နေရပ်ပြန်မည့် စစ်ဘေးရှောင်များ နေရပ်မပြန်မီ ကိုယ်နေသည့်အဆောင်များကို ဖြိုဖျက်ထားခဲ့ရန် စစ်ကောင်စီကပြောကြောင်းသိရသည်။

ကျောက်တော်မြို့နယ်မှ နေရပ်ပြန်မည့် စစ်ရှောင်စခန်းများအနက် စစ်ရှောင်စခန်း ၃ ခုမှ စစ်ရှောင်များမှာ နေရပ်မပြန်မီ မိမိတို့နေသည့်အဆောင်များကို မတ်လ ၃၁ ရက်နေ့တွင် အပြီးဖြိုဖျက်ရမည်ဟု ပြောကြောင်း ကဝိရတနာစစ်ရှောင်စခန်းမှ တာဝန်ခံ ဦးမောင်သိန်းရွှေက ABNကိုပြောသည်။

“နေရပ်ပြန်မယ့် စစ်ရှောင်စခန်းတွေကို သူတို့နေရပ်မပြန်ခင် ဖြိုဖျက်ထားခဲ့ရမယ်လို့ အစည်းအဝေး မှာပြောပါတယ်။ မတ်လ ၃၁ ရက်နေ့ နောက်ဆုံးလို့ပြောပါတယ်။

အဆောင်များဖြိုဖျက်ရမည့် စစ်ရှောင်စခန်း ၃ ခုမှာ မဟာမုနိစစ်ရှောင်စခန်း၊ ရှမ်းရွာစစ်ရှောင်စခန်းနှင့် သိမ်ကျောင်းစစ်ရှောင်စခန်းတို့ဖြစ်သည်။

ယင်းစခန်း ၃ ခုမှ မဟာမုနိစစ်ရှောင်စခန်းတွင်ကျန်သည့် အိမ်ထောင်စု ၁၇ စုကို ညောင်ချောင်းစစ်ရှောင်စခန်းနှင့် သိမ်ကျောင်းစစ်ရှောင်စခန်းရှိ ကျန်သည့် အိမ်ထောင်စု ၁၇ စုကို သိမ်ပြင်စစ်ရှောင်စခန်းတို့တွင် ထားမည်ဖြစ်ပြီး ရှမ်းရွာစစ်ရှောင်စခန်းမှာ စခန်းတစ်ခုလုံးပြန်မည်ဖြစ်ကြောင်းသိရသည်။

သိမ်ကျောင်းစစ်ရှောင်စခန်းမှာ အခန်း ၂၀ပါ အလျား ၁၀ ပေရှိ စစ်ရှောင်တန်းလျှားတစ်ခုဖြစ်ပြီး သွပ်အမိုး၊ သစ်သားများဖြင့်တည်ဆောက်ထားပြီး စခန်းဆောက်ခ ကုန်ကျငွေ သိန်း ၅၀ ကျော် ၆၀ ထိ ကုန်ကျပြီး ၃၁ ရက်နေ့တွင်ဖြိုရမည်ဟု သိမ်ကျောင်းစစ်ရှောင်စခန်းမှ တာဝန်ခံ ဦးကျော်ငြိမ်း ကပြောသည်။

စခန်းက တန်းလျှားဆောက်ထားတာပါ။ သစ်သား နဲ့ သွပ်မိုးထားပါတယ်။ အခန်း ၂၀ ရှိပါတယ်။ ၁၀ ပေ ပတ်လည်အဆောင်ပါ။ အဆောင်ဆောက်တဲ့ ကုန်ကျငွေက သိန်း ၅၀ ကျော် ၆၀ ကုန်ပါတယ်။လာမည့် မတ်လ ၃၁ ရက်နေ့ မှာဖြိုရမယ်လို့ အစည်းဝေးမှာပြောသွားတာပါ” ဟုပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၁ ရက်နေ့က ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောခဲ့ကြောင်းသိရသည်။

ယင်းအစည်းအဝေးကို စစ်ရှောင်စခန်းတစ်ခုစီမှ စခန်းတာဝန်ခံများ တက်ရောက်ပြီး စစ်ရှောင်များ နေရပ်ပြန်မည့်ကိစ္စနှင့် ပတ်သက်ပြီးဆွေးနွေးကြောင်း စခန်းတာဝန်ခံများ ပြောကြားချက်အရသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ