Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်မှ ဆန်စက်ပိုင်ရှင်နှင့်အတူ ပူးတွဲတရားစွဲဆိုခံထားရသူအား ရုံထုတ် စစ်ကောင်စီတရားလို ထပ်မံပျက်ကွက်

ကျောက်တော်မှ ဆန်စက်ပိုင်ရှင်နှင့်အတူ ပူးတွဲတရားစွဲဆိုခံထားရသူအား ရုံထုတ် စစ်ကောင်စီတရားလို ထပ်မံပျက်ကွက်

ABN-ထက်မြတ်ခင်

စက်တင်ဘာ ၂ ရက်

ကျောက်တော်မြို့နယ်မှ ဆန်စက်ပိုင်ရှင်နှင့်အတူ ဖမ်းဆီးခံခဲ့ရသည့် အဖော်ဖြစ်သူကိုဩဂုတ်လ ၃၁ ရက်နေ့က (၂၁) ကြိမ်မြောက် ရုံးထုတ်ခဲ့သော်လည်း စစ်ကောင်စီဖက်မှ တရားလိုထပ်မံ မရောက်ရှိဟုသိရသည်။

ပုဒ်မ ၁၇(၁) ဖြင့် တရားစွဲဆိုခံထားရသည့် ကိုမောင်ချေ(ခ) မောင်သက်စိုးကို ယမန်နေ့ မွန်းလွှဲ ၁နာရီအချိန်က စစ်တွေမြို့နယ်တရားရုံးတွင် ရုံးထုတ်ခဲ့သည်။

ကိုမောင်ချေ(ခ)မောင်သက်စိုးမှာ ယခုလိုအချုပ်ကျနေသည့်အတွက် ဇနီးဖြစ်သူမှာ ကလေးငယ်တစ်ဦးနှင့်တူ အခက်အခဲများရှိနေပြီး မောင်သက်စိုး၏အမှုကိုလည်း အမြန်ဆုံးစစ်ဆေးပေးစေလိုကြောင်းပြောသည်။

“ကျမမှာက ကလေးတစ်ယောက်နဲ့ဆိုတော့ ဘယ်လိုလဲဆို လင်ယောကျ်ားရှိတာ နဲ့မရှိတာနဲ့ကမတူပါ၊ ငွေရေးကြေးရေးကအစအကုန်လုံး အခဲခက်ရှိပါတယ်။ ကျမယောကျ်ားကိုလဘ်း အပြစ်ရှိရှိ မရှိရှိအမြန်ဆုံးစစ်ဆေးပေးစေလိုပါတယ်၊ လွတ်ငြိမ်းချမ်းသာခွင့်ပဲ ဖြစ်ဖြစ်ပြန်ပေးလိုပါတယ်” ဟုပြောသည်။

ကိုမောင်ချေ(ခ)မောင်သက်စိုးကို စက်တင်ဘာလ ၁၄ရက်နေ့သို့ ထပ်မံရုံးချိန်းလိုက်သည်ဟုသိရသည်။

ကိုမောင်ချေ(ခေါ်)မောင်သက်စိုးမှာ ကျောက်တော်မြို့နယ်၊ ပေါက်ဝကျေးရွာ ချောင်းဖျားရပ်ကွက်မှဖြစ်ပြီး ဆန်စက်ပိုင်ရှင် ဦးလှမောင်သန်းနှင့်အတူ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့က ကန်စောက် တပ်ရင်းတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ယင်းနောက်တွင် စစ်ကောင်စီက ထိုသူ ၂ ဦးအား စစ်တွေမြို့ အကျဉ်းထောင်တွင် ဖမ်းဆီးချုပ်နှောင်ထားပြီး မောင်သက်စိုးကို မတရားအသင်းဆက်သွယ်မှု ဥပေဒ ပုဒ်မ ၁၇ (၁)ဖြင့်တရားစွဲဆိုကာ၊ ဦးလှမောင်သန်းကို စစ်ပုန်ကန်မှု ဥပဒေ ပုဒ်မ ၁၃၁ ဖြင့်ပါ ထပ်တိုးတရားစွဲဆိုခဲ့သည်။

ထိုသို့ ပုဒ်မ ၂ ခုဖြင့်တရားစွဲဆိုခံထားရသည့် ဦးလှမောင်သန်းမှာ လွတ်ငြိမ်းချမ်းသာဖြင့် ပြီးခဲ့သည့် သြဂုတ်လ ၂ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာသော်လည်း ကိုမောင်သက်စိုးမှာ မလွတ်မြောက်လာသေးဘဲ ဆက်လက် မတရား ဖမ်းဆီးချုပ်နှောင်ခံထားရဆဲဖြစ်သည်။

ရက္ခိုင့်တပ်တော်နှင့်ဆက်စပ်၍ ဖမ်းဆီးတရားစွဲဆိုခံထားရသူများကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ရက္ခိုင့်တပ်တော်က ပြောဆိုထားသော်လည်း ရုံးချိန်းအကြိမ်ကြိမ်ထုတ်ပြီး စစ်ကောင်စီဖက်က တရားလိုမရောက်ဘဲ အချုပ်ထောင်များတွင် မတရား ကျခံနေရသူများစွာ ကျန်ရှိနေသေးသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ