Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်မှ ဆန်စက်ပိုင်ရှင်နှင့်အတူ ပူးတွဲတရားစွဲဆိုခံထားရသူအား ယနေ့ ရုံးထုတ်သော်လည်း စစ်ကောင်စီတရားလို ထပ်မံပျက်ကွက်

ကျောက်တော်မှ ဆန်စက်ပိုင်ရှင်နှင့်အတူ ပူးတွဲတရားစွဲဆိုခံထားရသူအား ယနေ့ ရုံးထုတ်သော်လည်း စစ်ကောင်စီတရားလို ထပ်မံပျက်ကွက်

ABN-ထက်မြတ်ခင်

ဩဂုတ် ၂၄ ရက်

ကျောက်တော်မြို့နယ်မှ ဆန်စက်ပိုင်ရှင်နှင့်အတူ ဖမ်းဆီးခံခဲ့ရသည့် အဖော်ဖြစ်သူကို ယနေ့ ဩဂုတ်လ ၂၄ရက်နေ့တွင် (၂၀) ကြိမ်မြောက် ရုံးထုတ်ခဲ့သော်လည်း တရားလိုထပ်မံမရောက်ရှိကြောင်းသိရသည်။

ပုဒ်မ ၁၇(၁) ဖြင့် တရားစွဲဆိုခံထားရသည့် ဆန်စက်ပိုင်ရှင်နှင့် အဖော်ဖြစ်သူ ကိုမောင်ချေ(ခ)မောင်သက်စိုးကို ယနေ့မွန်းလွဲ ၁နာရီအချိန်က စစ်တွေမြို့နယ် တရားရုံးတွင်ရုံးထုတ်ခဲ့သည်။

ဆန်စက်ပိုင်ဆိုင်ရှင်နှင့်အတူဖမ်းဆီး တရားစွဲဆိုခံခဲ့ရသည့် အဖော်ဖြစ်သူ ကိုမောင်ချေ (ခ)မောင်သက်စိုးကို ရုံးထုတ်ခဲ့သော်လည်း တစ်ကြိမ်တစ်ခါမှ စစ်ဆေးမှုပြုလုပ်ခြင်းမရှိဘဲ မတရားသဖြင့်ချုပ်နှောင်ထားခြင်းသာဖြစ်သည်ဟု ဇနီးဖြစ်သူကပြောသည်။

“ရုံးထုတ်တာ ဒါနဲ့ဆို အကြိမ် ၂၀ တိတိရှိပါပြီး

ကျမယောက်ျားကို တစ်ကြိမ်မှ စစ်ဆေးတာမရှိသေးပါ၊ ကျမယောက်ျားကို မတရားသဖြင့်ချုပ်နှောင်ထားရာကျပါတယ်” ဟုပြောသည်။

မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)ဖြင့်တရားစွဲဆိုခံထားရသည့် ကိုမောင်ချေ(ခ)မောင်သက်စိုးကို တစ်လလျှင် ရုံး၄ကြိမ်ထုတ်သည့်အတွက် ဇနီးဖြစ်သူမှာ ထိုသို့ရုံးထုတ်ရာသို့သွားရန် ငွေကြေးအခက်ခဲရှိသည်ဟုပြောသည်။

“ကျမ စစ်တွေကို တခါတခါသွားရင် ခရီးစရိတ်နဲ့ ကျမယောက်ျားအတွက် သွေးတိုးကျဆေးဝယ်ပေးရတာနဲ့ဆိုရင် ၁သိန်းကျကုန်ပါတယ်၊ တစ်လမှာ ၄ကြိမ်းသွားရတာဆိုတော့ ကျမမှာ ဘယ်လိုလုပ်ပြီးတတ်နိုင်မှာလဲ” ဟုပြောသည်။

ကိုမောင်ချေ(ခ)မောက်သက်စိုးကို လာမည့်အပတ် ၃၁ရက်နေ့သို့ ထပ်မံရုံးချိန်းလိုက်သည်ဟုသိရသည်။

ကိုမောင်ချေ(ခေါ်)မောင်သက်စိုးမှာ ကျောက်တော်မြို့နယ်၊ ပေါက်ဝကျေးရွာ ချောင်းဖျားရပ်ကွက်မှဖြစ်ပြီး ဆန်စက်ပိုင်ရှင် ဦးလှမောင်သန်းနှင့်အတူ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့က ကန်စောက် တပ်ရင်းတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ယင်းနောက်တွင် စစ်ကောင်စီက ထိုသူ ၂ ဦးအား စစ်တွေမြို့ အကျဉ်းထောင်တွင် ဖမ်းဆီးချုပ်နှောင်ထားပြီး မတရားအသင်းဆက်သွယ်မှု ဥပေဒ ပုဒ်မ ၁၇ (၁)ဖြင့်တရားစွဲဆိုကာ၊ ဦးလှမောင်သန်းကို စစ်ပုန်ကန်မှု ဥပဒေ ပုဒ်မ ၁၃၁ ဖြင့် ထပ်တိုးတရားစွဲဆိုခဲ့သည်။

ထိုသို့ ပုဒ်မ ၂ ခုဖြင့်တရားစွဲဆိုခံထားရသည့် ဦးလှမောင်သန်းမှာ လွတ်ငြိမ်းချမ်းသာဖြင့် ပြီးခဲ့သည့် သြဂုတ်လ ၂ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာသော်လည်း ကိုမောင်သက်စိုးမှာ မလွတ်မြောက်လာသေးဘဲ ဆက်လက် မတရား ဖမ်းဆီးချုပ်နှောင်ခံထားရဆဲဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ