Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်မှ စစ်ကောင်စီ ရဲတပ်သား ၆ ဦး AAထံ လက်နက်ချအလင်းဝင်၊ ကျန်သည့်ရဲများအား တပ်က ကျောက်တော်တောင်သို့ ခေါ်သွား

AB News – နိုဝင်ဘာ ၂၀၊ ၂၀၂၃

ရက္ခိုင်ပြည်၊ ကျောက်တော်မြို့ ဂစ္ဆပနဒီတံတားဦးဂိတ်မှ စကစ ရဲတပ်ဖွဲ့ဝင် ၆ ဦး သည် ရက္ခိုင့်တပ်တော်ထံ လက်နက်အပ် အလင်းဝင်ရောက်လာခဲ့ကြောင်း သိရသည်။

စကစ တပ်ဖွဲ့ဝင် ၆ ဦးသည် ယမန်နေ့ညနေပိုင်း ၆ နာရီကျော်တွင် ရက္ခိုင့်တပ်တော်ထံသို့ လက်နက်အပြည့်အစုံဖြင့် အလင်းဝင်ရောက်လာခဲ့ပြီး ကျန်ရှိသည့် ရဲတပ်သား ၂၀ ကျော်ကို စကစ စစ်သားများက ကျောက်တော်တောင်သို့ စစ်ကားဖြင့် ခေါ်ယူသွားကြောင်း သိရသည်။

၎င်းရဲကင်းဂိတ် တစ်ခုလုံး ရက္ခိုင့်တပ်တော် AA ထံသို့ အလင်းဝင်ရောက်သွားမည်ကို ကြောက်သည့်အတွက် စကစ တပ်ဖွဲ့ဝင်များသည် ကျန်သည့်ရဲများအား ဖမ်းဆီးသွားကြောင်း ဒေသခံတစ်ဦးက AB News သို့ ပြောသည်။

” အဲဒီဂိတ်မှာ စကစ ရဲတပ်သား ၃၀ လောက်ရှိပါတယ်၊ တစ်ချို့တွေက AA ဆီအလင်းဝင်တယ်၊ ကျန်တဲ့ရဲတပ်သားတွေက AAဆီမှာအလင်းဝင်ရောက်သွားမှာ ကြောက်တဲ့အတွက် သူတို့တွေက ကျောက်တော်တောင်ပေါ် သို့ ဖမ်းဆီးသွားကြောင်း သိရပါတယ်” ဟု ဆိုသည်။

လက်ရှိတွင် ဂစ္ဆပနဒီတံတားဦးတံတားဦးတွင်ရှိသည့် စကစ ရဲကင်းဂိတ်၌ မည်သူတစ်ဦးတစ်ယောက်မျှမရှိတော့ကြောင်း AB News က စုံစမ်းသိရှိရသည်။

ပြီးခဲ့ရက်ပိုင်းကလည်း ကျောက်တောမြို့နယ် အပေါက်ဝ ရဲစခန်းတစ်ခုမှ ရဲတပ်သား ၂၅ ဦးသည်လည်း ရက္ခိုင့်တပ်တော် AA ထံအလင်းဝင်ရောက်မှုများ ရှိခဲ့သည်။

ကျောက်တော်မြို့ထဲရှိ မြို့မရဲစခန်းမှလည်း ရဲတပ်သားအချို့ ရက္ခိုင့်တပ်တော်ထံ အလင်းဝင်ရောက်မှုရှိကြောင်း နောက်ထပ် မြို့ခံတစ်ဦးက AB News ကိုပြောသည်။

ယနေ့မနက်ပိုင်းက ကျောက်တော်တပ်ရင်း၊တပ်မတို့မှ လက်နက်ကြီး ၄ ချက်ခန့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ