Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်မြို၊ ကစ္ဆပနဒီတံတားအနီးတွင် စစ်ကောင်စီအဖွဲ ထောင်ထားသည့် မိုင်းနင်းပြီး နွား၁ကောင် ခြေပြတ်ဒဏ်ရာရ

AB News – ဇန်နဝါရီ ၆၊ ၂၀၂၄

ရက္ခိုင်ပြည်၊ ကျောက်တော်မြို၊ ကစ္ဆပနဒီတံတားအနီးတွင် စစ်ကောင်စီအဖွဲထောင်ထားသည့် မိုင်းနင်းမိပြီး ယနေ့ ဇန်နဝါရီလ ၆ရက်နေ့ ၁နာရီ ၅၆မိနစ် အချိန်တွင် နွား၁ကောင် ခြေပြတ်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ကျောက်တော်မြိုအဝင်လမ်း ကစ္ဆပနဒီတံတားအနီး မိုင်းပေါက်ကွဲသည့်နေရာတွင် ယခင်က စစ်ကောင်စီတပ်ဖွဲဝင်များ စစ်ဆေးရေးဂိတ်ဖွင့်ပြီး နေခဲ့ကြောင်း သိရှိရသည်။

ယနေ့ ဇန်နဝါရီလ ၆ရက်နေ့ ၁နာရီ ၅၆မိနစ် အချိန်တွင် စစ်ကောင်စီအဖွဲထောင်ထားသည့် မိုင်းနင်းမိပြီး  နွား၁ကောင် ခြေပြတ်ဒဏ်ရာရရှိခဲ့သည်ဟု မြိုခံ ၁ဦးက ပြောသည်။

“ဒီနေ့ နေ့လည် ၁နာရီ၊ ၅၆မိနစ်အချိန်မှာ ကျောက်တော်မြိုအဝင်လမ်း ကစ္ဆပနဒီတံတားအနီး မိုင်းပေါက်ကွဲသံကြားတယ်။ အဲ့နားမှာ နွား၁ကောင်ဟာ မိုင်းပြီး ခြေပြတ် ဒဏ်ရာရရှိတယ်” ဟုဆိုသည်။

အကြမ်းဖက်စစ်ကောင်စီအဖွဲ သည်မြေမြုပ်မိုင်းများကို အရပ်သားများနေထိုင်သည့် မြို၊ ရွာများအနီးတွင် ထောင်ထားသည့်အတွက် ရက္ခိုင်ပြည်ရှိ အပြစ်မဲ့ပြည်သူများနှင့် ကျွဲ၊နွား တိရိစ္ဆာန်များ သေကြေပျက်စီးခဲ့ရသည်။

ထိုအပြင် ရသေ့တောင်မြိုတွင်လည်း စစ်ကောင်စီတပ်ဖွဲမှာ ၎င်းတိုကိုယ်တိုင် ထောင်ထားသည့် မိုင်းကို နင်းမိပြီး ၂ ဦးသေပြီး ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦး ခြေထောက် ၂ ဖက်လုံးပြတ်ထွက်သွားကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ