Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်မြို့အနီး ကစ္ဆပနဒီတံတားနှင့် စစ်တွေမြို့နယ် အမြင့်ကျွန်းတံတားတို့ကို စစ်ကောင်စီအဖွဲ့ လေကြောင်းမှ ဗုံးချ ဖျက်ဆီး

AB News-ဖေဖော်ဝါရီ ၁၂၊ ၂၀၂၄

ရက္ခိုင်ပြည် ကျောက်တော်မြို့အနီး ကစ္ဆပနဒီတံတားနှင့် စစ်တွေမြို့နယ်ရှိ အမြင့်ကျွန်းတံတားတို့ကို အကြမ်းဖက် စစ်ကောင်စီအဖွဲ့ ယမန့်နေ့ညက လေကြောင်းဖြင့် ဗုံးချ ဖျက်ဆီးခဲ့သည်ကိုတွေ့ရသည်။

အဆိုပါ တံတားများကို အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီအဖွဲ့က ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ည ၁၀ နာရီကျော်ခန့်က Y12 စစ်ထောက်ပို့ လေယာဥ်ဖြင့် ဗုံးကြဲချ ဖျက်ဆီးခဲ့ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

ကျောက်တော်မြို့နယ်မှာ ရက္ခိုင့်တပ်တော်မှ အပြီးပိုင် တိုက်ခိုက် သိမ်းပိုက် ရရှိထားသည့် မြို့ တစ်ခုဖြစ်ပြီး ကစ္ဆပနဒီတံတားတွင်လည်း ULA/AA အောင်လံများ စိုက်ထူထားသည့် ဓာတ်ပုံများ လူမှုကွန်ယက် စာမျက်နှာများတွင် ယမန်နေ့က ပြန့်ထွက်လာသည်ကိုတွေ့ရသည်။

ထိုတံတား ၂ စင်းလုံးမှာ စစ်တွေ-ရန်ကုန် အဝေးပြေးလမ်းမများကို ပေါင်းကူးထားသည့် အရေးပါသော တံတားများဖြစ်သည်။

Website
www.arakanbaynews.com 
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ