Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်မြို့အခြေစိုက် ခမရ ၃၇၄ တပ်ရင်းကို ရက္ခိုင့်တပ်တော်က ယမန်​နေ့တွင် အပြီးသတ်သိမ်းပိုက်ခဲ့ကြောင်း ညီနောင် ၃ဖွဲ့ထုတ်ပြန်

AB News – ဇန်နဝါရီ ၃၁၊ ၂၀၂၄

ရက္ခိုင်ပြည်ရှိ ကျောက်တော်မြို့အခြေစိုက် ခမရ ၃၇၄ တပ်ရင်းကို ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက်ခဲ့ကြောင်း ယမန်​နေ့ ညဥ့် ၁၂နာရီ ၄၇မိနစ်အချိန်တွင် ညီနောင် ၃ဖွဲ့ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်တွင် “ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်ရန် ကျန်ရှိနေသေးသော စစ်ကောင်စီ၏ ဒေသအခြေစိုက်တပ်ရင်းများထဲမှ စကခ ၉ လက်အောက်ခံ ကျောက်တော်အခြေစိုက် ခမရ ၃၇၄ တပ်ရင်းတစ်ခုလုံးအား ရက္ခိုင့်တပ်တော်မှ ယမန်နေ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၀ရက်နေ့တွင် စစ်ကောင်စီ၏ လေကြောင်းမှ တစ်ရက်လုံးတောက်လျှောက် အဆက်မပြတ် မရပ်မနား ပစ်ခတ်နေသည့်ကြားမှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီဖြစ်သည်” ဟု ဖော်ပြထားသည်။

ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့များမှ ကျန်ရှိနေသေးသော တပ်ရင်းများကိုလည်း အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် ရက္ခိုင့်တပ်တော်မှ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

အားလုံးသောစခန်းများကိုလည်း မကြာမီ အပြီးသတ်သိမ်းပိုက်ရယူရန် ရက္ခိုင့်တပ်တော်အနေဖြင့် အပြည့်အဝယုံကြည်ပြီး လက်ရှိတွင်လည်း ရက္ခိုင့်တပ်တော်ဘက်မှ အခြေအနေကောင်းလျက်ရှိကြောင်း ပြည်သူများကို အသိပေးဖော်ပြထားသည်။ 

အာရက္ခပြည်သူများကို နှစ်ပေါင်းများစွာကြာအောင် ဒုက္ခပေးနေခဲ့သော စစ်ကောင်စီ၏ တပ်စခန်းတိုင်းနှင့် လက်နက်ချအညံ့မခံဘဲ ပြည်သူများကို ဒုက္ခပေးနေသည့် ကျန်ရှိနေသေးသော စခန်းတိုင်းကို တစ်စခန်းမျှမကျန်အောင် ရက္ခိုင့်တပ်တော်မှ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားပြီမည်ဖြစ်ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ရက်နေ့တွင် မင်းပြားမြို့အခြေစိုက် စစ်ကောင်စီတပ်၏ စကခ ၉ လက်အောက်ခံ ခမရ ၃၈၀ တပ်ရင်းကို ရက္ခိုင့်တပ်တော် အာရက္ခစစ်သည်တော်များမှ ရဲရင့်ပြောင်မြောက်စွာဖြင့် အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့သည်ဟု AA ကထုတ်ပြန်ထားသည်။

ABN#တိုက်ပွဲသတင်း#ArakanArmy

Website
www.arakanbaynews.com
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ