Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်မြို့ရှိ သိမ်ပြင်စစ်ဘေးရှောင်စခန်းတွင် သုံးရေအခက်အခဲရှိလာနိုင်သည့်အတွက် ရေစုပ်မော်တာစက်များနှင့် ပိုက်များ လိုအပ်နေ

ကျောက်တော်မြို့ရှိ သိမ်ပြင်စစ်ဘေးရှောင်စခန်းတွင် သုံးရေအခက်အခဲရှိလာနိုင်သည့်အတွက် ရေစုပ်မော်တာစက်များနှင့် ပိုက်များ လိုအပ်နေ

AB News – နိုဝင်ဘာ ၂ ရက်

ကျောက်တော်မြို့ပေါ်ရှိ သိမ်ပြင်စစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်များအသုံးပြုနေ​သည့် ရေကန်မှာ ခန်းခြောက်လုနီးပါးဖြစ်လာနေသည့်အတွက် ရေစုပ်မော်တာစက်များနှင့်ပိုက်များ လိုအပ်နေကြောင်း သိရသည်။

သိမ်ပြင်စစ်ဘေးရှောင်စခန်းသည် ဘုန်းကြီးကျောင်းခြံဝင်းအတွင်း၌ ​တည်ဆောက်ထားသည့်အတွက် စစ်ဘေးရှောင်များသည် အနီးရှိရေကန်မှ ရေကိုခပ်ယူပြီး ချက်ပြုတ်စားသောက်ရေးကအစ အိမ်သာများတွင်လည်း အသုံးပြုနေရ၍ ကန်ရေမှာခန်းခြောက်လုနီးပါးဖြစ်လာကြောင်း စစ်ဘေးရှောင်များက ပြောသည်။

လက်ရှိတွင် မိုးမရွာလျှင် ရေအခက်အခဲရှိလာနိုင်သည့်အတွက် ပေပေါင်း ၁၁၀၀ ခန့်ရှိသည့် မြို့နယ်စည်ပင်မှ ဖြန့်ဝေသည့် ရေကိုအသုံးပြုလာရမှာဖြစ်ပြီး ရေစုပ်မော်တာစက်များနှင့် ပိုက်များလိုအပ်လာနိုင်ကြောင်း စခန်းတာဝန်ခံ ဦးစိုးနိုင်က AB News သို့ပြောသည်။

“ကန်မှာရေအနည်းငယ်ပဲရှိပါတော့တယ်၊ မိုးမရွာရင် မြို့နယ်စည်ပင်က ဖြန့်ဝေနေတဲ့ ရေကို မော်တာတွေနဲ့စုပ်တင်ရမယ်၊ စက်တွေလိုအပ်နေတယ် “ဟု ဆိုသည်။

မြို့နယ်စည်ပင်သည် ရှောက်ချောင်းဆည်မှပို့သည်ရေကို မြို့လယ်ရှိရေစုကန်တွင်လှောင်ထားပြီး ယင်းမှ ရေကို စစ်ဘေးရှောင် စခန်းသို့ပို့ဆောင်ရမည်ဖြစ်သည့်အတွက် ကုန်ကျစရိတ်များရှိခြင်း၊ လုပ်အားခများလိုအပ်ခြင်းနှင့် ရေနံဆီများလိုအပ်နေကြောင်း တာဝန်ခံပြောပြာချက်အရသိရသည်။

သိမ်ပြင်စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စုအရေအတွက် ၇၁ စု၊ လူဦးရေအရေအတွက် ကျား၊ ၁၃၅ဦး၊ မ ၁၅၃ ဦး ပေါင်း ၂၈၈ ဦးတို့ရှိပြီး ၎င်းထဲတွင် မသန်စွမ်းသူ ၃ ဦး၊ ကိုယ်ဝန်ဆောင်မိခင် ၁ ဦး၊ နို့တိုက်မိခင် ၃ ဦး၊ မျက်စိနာနေသူ ၅ ဦး ရှိကြောင်း AB News က စုံစမ်းသိရှိရသည်။

စစ်ဘေးရှောင်များသည် ထိုကန်တစ်ခုထဲမှ ထမင်းဟင်းချက်ပြုတ်စားသောက်ခြင်း၊ အဝတ်လျှော်ခြင်း၊ ကိုယ်လက်သန့်စင်ခြင်း နှင့် အိမ်သာများအတွက် ရေကိုအသုံးပြုနေရသောကြောင့် ခန်းခြောက်သွားခြင်းဖြစ်ကြောင်း သိရသည်။

စစ်ဘေးရှောင်များမှာ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ စိမ်းညှင်းဝ၊ လိပ်ခေါင်း၊ နှမဒါ၊ မွန်ထောင့်၊ ကြက်ယက်ကိုင်းအပါအဝင် ကျောက်တော်မြို့နယ်မှ တင်းမ၊မာလာ နှင့်ပြိုင်းတိုင်းရွာတို့မှ ဖြစ်ကြသည်။

ယခင်နှစ် နွေရာသီကလည်း တစ်လမှာ ၂ ကြိမ်ထက်မနည််း မော်တာစက်များဖြင့် ရေတင်ရကြောင်းပြောသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ