Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်မြို့ရှိစစ်ကောင်စီအဖွဲ့ကို  ရက္ခိုင့်တပ်တော်က အပြီးပိုင် တိုက်ခိုက်သိမ်းပိုက်၊ ထွက်ပြေးသည့် စစ်ကောင်စီဇက်နေဗီ ၂ စီးပါမြှုပ်သွား

ကျောက်တော်မြို့ရှိစစ်ကောင်စီအဖွဲ့ကို  ရက္ခိုင့်တပ်တော်က အပြီးပိုင် တိုက်ခိုက်သိမ်းပိုက်၊ ထွက်ပြေးသည့် စစ်ကောင်စီဇက်နေဗီ ၂ စီးပါမြှုပ်သွား

AB News – ဖေဖော်ဝါရီလ ၇၊ ၂၀၂၄

ရက္ခိုင်ပြည်ရှိ ကျောက်တော်မြို့ကို ရက္ခိုင့်တပ်တော်က ယနေ့ နေ့လည်အချိန်တွင် အပြီးပိုင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း AB News မှ စုံစမ်းသိရှိသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၃၀ရက်နေ့တွင် ကျောက်တော်အခြေစိုက် ခမရ ၃၇၄ တပ်ရင်းနှင့် ဖေဖော်ဝါရီလ ၂ရက်နေ့တွင် ခမရ ၃၇၆ တပ်ရင်းကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်ခဲ့ပြီး ယနေ့ နေ့လည်အချိန်တွင်လည်း ကျောက်တော်တပ်မနှင့် ခမရ ၃၇၅ တပ်ရင်းကို ရက္ခိုင့်တပ်တော်က အပြီးသတ် သိမ်းပိုက်ခဲ့ကြောင်း ရက္ခိုင့်တပ်တော်နှင့် နီးစပ်သူ ၁ဦးက AB News သို့ ပြောကြားသည်။

ယနေ့ နေ့လည်အချိန်တွင် ရက္ခိုင့်တပ်တော်က ကျောက်တော်မြို့နှင့် ကျောက်တော်အခြေစိုက် စစ်ကောင်စီ၏ တပ်မနှင့် ခမရ ၃၇၅ တပ်ရင်းကို သိမ်းပိုက်ခဲ့ကြောင်း ဒေသခံ ၁ဦးက ပြောသည်။

“ဒီနေ့ နေ့လည်အချိန်မှာ ရက္ခိုင့်တပ်တော်က ကျောက်တော်အခြေစိုက် စစ်ကောင်စီရဲ့ တပ်မနှင့် ခမရ ၃၇၅တပ်ရင်းကို သိမ်းပိုက်ရရှိခဲ့တယ်။ တပ်ဆုတ်ထွက်ပြေးတဲ့ စစ်ကောင်စီရဲ့ ဇက်ရေယာဥ် ၃စီးထဲက ၂စီးကို ရက္ခိုင့်တပ်တော်က လိုက်လံပြီးပစ်ခတ် တိုက်ခိုက်ခဲ့တယ်။ ဇက် ၂စီးဟာ ကုလားတန်မြစ်မှာ နစ်မြုပ်ခဲ့ပါတယ်” ဟု ဆိုသည်။

တပ်ဆုတ်ထွက်ပြေးသည့် စစ်ကောင်စီ၏ ဇက်ရေယာဥ် ၃စီးကို ရက္ခိုင့်တပ်တော်က လိုက်လံကာ ဝိုင်းဝန်းပိတ်ဆို့တိုက်​ခိုက်ခဲ့သောကြောင့် ဇက်ရေယာဥ် ၂စီးသည် ကုလားတန်မြစ်ထဲ၌ နစ်မြုပ်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၆ရက်နေ့တွင်လည်း မင်းပြားမြို့ကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်ပြီးနောက် တပ်ဆုတ်ထွက်ပြေးသော ဇက်ရေယာဥ် ၂စီးကို ပိတ်ဆို့ကာပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီ၏ ဇက်ရေယာဥ် ၂စီးလည်း ကြပ်စင်တံတားအနီးတွင် နစ်မြုပ်ခဲ့ကြောင်း သိရှိသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်နေ့၊ နေ့လယ် ၂ နာရီအချိန်တွင် ကျောက်တော်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ စကခ ၉ လက်အောက်ခံ ခမရ ၃၇၆ တပ်ရင်းကို  ရက္ခိုင့်တပ်တော်က သိမ်းပိုက်ခဲ့ကြောင်း ညီနောင် ၃ဖွဲ့ ထုတ်ပြန်ခဲ့သည်။

ဇန်နဝါရီလ ၃၀ရက်နေ့ ညဥ့် ၁၂နာရီ၊ ၄၇မိနစ်အချိန်တွင် ရက္ခိုင်ပြည်၊ ကျောက်တော်မြို့အခြေစိုက် ခမရ ၃၇၄ တပ်ရင်းကို ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက်ခဲ့သည်။

Website
www.arakanbaynews.com
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ