Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်မြို့မ ရဲစခန်း ရက္ခိုင့်တပ်တော်ထံ လက်နက်ချ အလင်းဝင်

AB News-နိုဝင်ဘာ ၁၅၊ ၂၀၂၃

ရက္ခိုင်ပြည်၊ ကျောက်တော်မြို့ရှိ မြို့မရဲစခန်း တစ်ခုလုံး ရက္ခိုင့်တပ်တော်ထံတွင် လက်နက်ချ အလင်းဝင်သွားကြောင်း သိရသည်။

ကျောက်တော်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာလ ၁၃ ရက်နေ့မှ စပြီး ၎င်းတို့အသိစိတ်ဖြင့် ရက္ခိုင့်တပ်တော်ထံလာရောက်၍ လက်နက်အပြည့်အစုံဖြင့် အလင်းဝင်ခဲ့ကြကြောင်း သိရသည်။

လက်နက်ချ အလင်းဝင်သော တပ်ဖွဲ့ဝင်အင်အား ၁၀ ကျော်ခန့်ပါရှိကြောင်း ခိုင်လုံသတင်းရင်းမြစ်က AB News သို့ အတည်ပြုပြောသည်။

” ဟုတ်ပါတယ် နိုဝင်ဘာ ၁၃ ရက်နေ့ကတည်းက ၂ ယောက်တစ်ဖြတ် ၃ ယောက်တစ်ဖြတ် AA ထံသွားပြီး အလင်းဝင်ကြတယ်လို့ သိရပါတယ်။ အခုတော့ စခန်းတစ်ခုလုံးကို AA က သန့်ရှင်းရေးလုပ်ထားတာတွေ့ရပါတယ်” ဟုဆိုသည်။

လက်ရှိ နိုဝင်ဘာ ၁၅ ရက်နေ့တွင် ကျောက်တော်မြို့မ ရဲစခန်းအား ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များက ထိမ်းချုပ်ထားပြီး အလင်းဝင်လာသည့် စစ်ကောင်စီအဖွဲ့ဝင် ရဲသားများအား လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေများအတိုင်း ထိန်းသိမ်းထားကြောင်း သိရသည်။

ရက္ခိုင့်တပ်တော်ပါဝင်သည့် မြောက်ပိုင်း ညီနောင်မဟာမိတ်အဖွဲ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် လက်နက်ချပြီးညအလင်းဝင်ရောက်ပါက အသက်ချမ်းသာခွင့်ရကာ မိသားစုများနှင့် ပြန်လည်ဆုံစည်းခွင့်ရရှိမည်ဖြစ်ကြောင်း ထုတ်ပြန် ပြောဆိုထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ