Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်မြို့နယ် အပေါက်ဝရွာတွင် စစ်ကောင်စီတပ်ကပစ်သည့် လက်နက်ကြီးကျည်ထိ၍ သက်ကြီးပိုင်း ၂ ဦးသေဆုံးပြီး ၁ ဦး ခြေပြတ်ဒဏ်ရာရ

AB News – နိုဝင်ဘာ ၁၃ ၊ ၂၀၂၃

ကျောက်တော်မြို့နယ် ရှိ စကစ အခြေချတပ်စွဲထားသည့် ကန်ဇောက်တောင်တပ်ရင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အပေါက်ဝရွာမှာ သက်ကြီးပိုင်း ၂ ဦးသေဆုံးကာ ၁ဦး ခြေပြတ်ဒဏ်ရာရရှိပြီး

ဆေးရုံတင်ထားရကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူ ၂ ဦးမှာ အပေါက်ဝချောင်းဖျားရပ်ကွက်မှ အသက် ၆၃ နှစ်အရွယ် ဒေါမသန်းကျော့၊ အပေါက်ဝရွာ ချောင်းဝရပ်ကွပ်မှ အသက် ၇၂ နှစ်အရွယ် ဦးအောင်ကျော်စိုးဖြစ်ပြီး ခြေပြတ်သွားသူမှာ ဒေါ်ချောင်းနားစိန် ဖြစ်ကြောင်း သိရသည်။

ကန်ဇောက်တောင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ယနေ့ ညနေ ၅ နာရီကျော်တွင်လက်နက်ကြီး ၃ ချိန်း ပစ်ခတ်ခဲ့သည့်အတွက် အပေါက်ဝရွာမှ အိမ်ထဲ၌ ရှိနေသည့် လူ ၂ ဦး သေဆုံးသွားခဲ့ကြောင်း ရွာသားတစ်ဦးက AB News သို့ပြောသည်။

“ကန်ဇောက်ကပစ်တာပါ၊ လက်နက်ကြီးက သူ့တို့ရဲ့အိမ်အထဲမှာကျပြီး ၂ ယောက်က ပွဲချင်းပြီး သေဆုံးသွားတယ်၊ နောက်တစ်ယောက်က ဆေးရုံတင်ထားရပါတယ် “ဟု ဆိုသည်။

ကန်ဇောက်အနီးတဝိုက်တွင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၊ ပြည်သူများသို့ဦးတည်ပစ်ခတ်နေကြောင်း ဒေသခံများကပြောသည်။

လက်ရှိတွင် အပေါက်ဝရွာမှ ရွာသူ/သားများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

အလားတူ မင်းပြားမြို့နယ် အထက်ငှက်ပျောချောင်းအုပ်စု ဖဲသာပြင်ကျေးရွာမှ အမျိုးသားတစ်ဦးလည်း လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရသွားကြောင်း သိရသည်။

အပေါက်ဝရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီနယ်မြေရဲစခန်းသည် ယနေ့ မနက်က ရက္ခိုင့်တပ်တော်ထံတွင် လက်နက်ချညအလင်းဝင်ပြီးနောက်ပိုင်း ကန်ဇောက်တောင်ပေါ်မှ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် ယနေ့ည အပေါက်ဝရွာကို မီးရှို့ရန်ကြိုးစားနေကြောင်း ဒေသခံများကပြောသည်။

ဓာတ်ပုံ-ကန်ဇောက်တပ်ရင်း/AB News

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ