Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်မြို့နယ် ရွှေပြည်ရွာသစ်တွင် စစ်ကောင်စီမှ ပစ်လိုက်သည့် လက်နက်ကြီးကျည်ထိမှန်၍ ၇ နှစ်အရွယ် ကလေး ၂ ဦးအပါဝင် ၈ ဦးဒဏ်ရာရ

ရခိုင်ပြည် ကျောက်တော်မြို့နယ် ရွှေပြည်သစ်ရွာတွင် စစ်ကောင်စီမှ ပစ်လိုက်သည့် လက်နက်ကြီးကျည်ထိမှန်၍ ကလေး ၂ ဦးအပါအဝင် ၈ ဦး ဒဏ်ရာရသွားကြောင်းသိရသည်။

အဆိုပါ ဒဏ်ရာရသူများမှာ မလှလှကျော့ အသက် ၇ နှစ်၊ မခိုင်ဇင်ဖြိုး အသက် ၇ နှစ်၊ မခိုင်စောဝေ အသက် ၃၅နှစ်၊ ဒေါ် ဦးမြအေး အသက် ၆၂နှစ်၊ ဦးလှမြင့်အောင် အသက် ၇၀၊ မအောင်သန်း ၃၀ ခန့် နှင့် နာမည်စုံစမ်းဆဲ ၂ ဦး တို့ဖြစ်ကြသည်။

” ယနေ့ နေလယ် ၁၂ နာရီ ၄၀ မိနစ် လောက်ကနေပစ်တာပါ ဘယ်ကနေပစ်တာလဲ မသိပါဘူး၊ လက်နက်ကြီး ၃ လုံးပစ်ပါတယ် ၁ လုံးကတော့ ရွာပြင်ကိုကျပါတယ် နောက် ၂ လုံးကတော့ ရွာထဲကျပါတယ် ကျွန်မတို့လည်းကြောက်ပြီး ဗုံးခိုကျင်းထဲဝင်ပုန်းနေကြပါတယ်” ဟု ရွာသားတဦးမှပြောသည်။

အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် နိုဝင်ဘာလ ၁၀ ရက်နေ့ ညနေ ၄ နာရီလောက်အချိန်တွင်လည်း စစ်ကောင်စီတပ်သားများသည် ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးရွာကို မီးရှို့ပြီး ရွာသား ၉ ဦးကိုလည်း သတ်နတ်ဖြင့် ပစ်သတ်ခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ