Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်မြို့နယ် မူဆလင်ရွာတစ်ရွာတွင် မီးလောင်မှုဖြစ်၍ နေအိမ် ၄ ဆောင် မီးလောင်ပြာကျ

ABN-နွယ်စိုး

ကျောက်တော်မြို့နယ်ရှိ ခေါင်းတုတ် မူဆလင် ကျေးရွာတွင် ယနေ့ မေလ ၅ ရက်နေ့ နံနက် ၉ နာရီ ကျော်ခန့်လောက်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ၄ ဆောင် မီးလောင်ပြာကျသွားခဲ့သည်ဟု သိရသည်။

အဆိုပါမီးလောင်မှုအား ကျောက်တော်မြို့မှ ဖြူစင်သောမေတ္တာ ပရဟိတအသင်းက သွားရောက်ပြီး မီးငြိမ်းပေးခဲ့ပြီး ၁၀ နာ ရီ ၅၀ မိနစ်တွင် မီး‌ငြိမ်းသွားသည် ဟု သိရသည်။

‘’မီးစလောင်တာတော့ ထမင်းချက်ရာကနေ စလောင်တာပါ၊ အိမ် ၄ လုံး ပြကျသွားပါတယ်၊ အိမ်ကလည်း အိမ်ကြီးတွေပါ” ဟု ၄င်းက ABNသို့ ဆက်ပြောကြားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ