Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်မြို့နယ် တောင်ရှည်တောင် တင်းမဗျူဟာကုန်းတွင် စစ်ကောင်စီဖက်က ဂျက်ဖိုက်တာဖြင့် လာရောက် ပစ်ခတ်နေ၊ နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်လျက်ရှိ

ကျောက်တော်မြို့နယ် တောင်ရှည်တောင် တင်းမဗျူဟာကုန်းတွင် စစ်ကောင်စီဖက်က ဂျက်ဖိုက်တာဖြင့် လာရောက် ပစ်ခတ်နေ၊ နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်လျက်ရှိ

AB News-ဇန်နဝါရီ ၂၊ ၂၀၂၄

ရက္ခိုင့်တပ်တော်က တိုက်ခိုက်သိမ်းပိုက်ရန် ကြိုးစားလျက်ရှိသည့် ရက္ခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ရှိ တင်းမကြီးရွာအနီး တောင်ရှည်တောင်တွင် အထိုင်ချထားသည့် စစ်ကောင်စီ၏ တင်းမဗျူဟာကုန်းတွင် အကြမ်းဖက် စစ်ကောင်စီအဖွဲ့က ဂျက်ဖိုက်တာဖြင့် ယနေ့မနက် ၁၁ နာရီခန့်က စပြီး လာရောက် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီအဖွဲ့က Jet-Fighter ဂျက်ဖိုက်တာဖြင့် ၂ ကြိမ်တိုင် လာရောက် တိုက်ခိုက်နေခြင်းဖြစ်ပြီး၊ ဗုံးသီးအကြီးနှင့် စက်လက်နက်များဖြင့် တရစပ် ပစ်ခတ် တိုက်ခိုက်နေကြောင်း ဒေသခံ တစ်ဦးက AB News သို့ပြောသည်။

“ဂျက်ဖိုက်တာနဲ့ပစ်နေပါတယ်။ နားပွင့်ထွက်မတတ်ပါဘဲ။ အခုပစ်နေတာ။ အသံအရမ်းကျယ်တယ်” ဟု ပြောသည်။

ထိုတင်းမဗျူဟာကုန်းအား ရက္ခိုင့်တပ်တော်က တိုက်ခိုက်သိမ်းပိုက်နိုင်ရန် ဒီဇင်ဘာလ ၂၅ ရက်နေ့ ကတည်းက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ ယမန်နေ့ ၂၀၂၄ နှစ်သစ်နေ့ကလည်း တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ယမန်နေ့က စစ်ကောင်စီက ဂျက်တိုက်ဖိုက်တာဖြင့် ပစ်ခတ်သည့် ကျည်ထိပြီး အရပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ