Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်မြို့နယ် တင်းမရွာတွင် မိုင်းနင်းမိ၍စစ်ကောင်စီတပ်သား ၂ဦးသေဆုံးပြီး ၁၈ဦးဒဏ်ရာရရှိ

ကျောက်တော်မြို့နယ် တင်းမရွာတွင် မိုင်းနင်းမိ၍စစ်ကောင်စီတပ်သား ၂ဦးသေဆုံးပြီး ၁၈ဦးဒဏ်ရာရရှိ

ABN – ရှိုင်းမိုး

ကျောက်တော်မြို့နယ် တင်းမရွာအနီးတွင် ဖေဖော်ဝါရီလ ၁၆ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန်တွင် မိုင်းနင်မိ၍ စစ်ကောင်စီတပ်သား ၂ဦးသေဆုံးပြီး ၁၈ ဦးဒဏ်ရာရရှိသည်ဟု သတင်းအရင်းမြစ်မှ သိရသည်။

သေဆုံးသွားသူ ၂ဦးမှာ အရာရှိတစ်ဦးနှင့် တပ်သား ၁ဦးဖြစ်ကြောင်းသိရသည်။ သေဆုံးသွားသော စစ်သား၂ဦးနှင့် ဒဏ်ရာရရှိသူ ၁၈ဦးကို ကျောက်တော်တပ်မသို့ ယူသွားကြောင်း မျက်မြင်သက်သေတစ်ဦးက ပြောသည်။

“သေသွားတဲ့ ၂ယောက်မှာ ၁ယောက်က အရာရှိပါ၊ နောက်တစ်ယာက်က တပ်သားပါ၊ သူတို့ ၂ဦးနှင့် ဒဏ်ရာရသူ ၁၈ယောက်ကို ကျောက်‌တော်တပ်မသို့ ကားနဲ့ယူလာကြတာတွေ့လိုက်ပါတယ် ” ဟုပြောသည်။

ယနေ့ နံနက် ၈နာရီကျော်အချိန်တွင်လည်း တင်းမရွာအနီးတွင် မိုင်းပေါက်ကွဲသံတစ်ချက်ကြားလိုက်ကြောင်း ဒေသခံများပြောချက်အရ သိရသည်။

ကျောက်တော်မြို့နယ် တင်းမရွာမှ ရွာသားများသည် ၂၀၂၀ ခုနှစ် မတ်လ ၂၂ရက်နေမှစကာ စစ်ကောင်စီတပ်များက တင်းမရွာကိုမီးရှို့လိုက်သောကြောင့် တင်းမရွာမှ ရွာသားများသည် ဘေးလွတ်ရာသို့ ရှောင်ပြေးခဲ့ကြရသည်။ ယခုလက်ရှိတွင် တင်းမရွာတွင် ရွာသားများ မနေကြတော့ဘဲ ရွာအနီးတောင်တန်းတွင် စစ်ကောင်စီတပ် တပ်စွဲလျက်ရှိနေသည်။

တင်းမရွာသားများရွာမှ ထွက်ပြေးကြပြီးနောက် ရွာသားများတွင် ကျန်ရှိလိုက်သည့် နွားများကို စစ်ကောင်စီတပ်သားများ ခိုးယူ၍ စားသောက်ကြပြီး၊ ရွာထဲမှ နေအိမ်များမှလည်း ပျဥ်များ၊ အိမ်တိုင်များနှင့် သွပ်အမိုးများကိုလည်း ခိုးယူမှုများ ရှိကြောင်း တင်းမဆရာတော်က ABN ကို မိန့်ကြားဖူးသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ