Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်မြို့နယ် ညောင်ချောင်းနှင့် မဟာမုနိ စစ်ဘေးရှောင်စခန်းများတွင် ကယ်ဆယ်ရေး ဆန် အထောက်အပံ့မရသည်မှာ ၂ လရှိပြီဟု စခန်းတာဝန်ခံများပြော

ABN-မေအိအိအောင်

ရခိုင်ပြည် ကျောက်တော်မြို့နယ်ရှိ ညောင်ချောင်းနှင့် မဟာမုနိ စစ်ဘေးရှောင်စခန်းများတွင် ကယ်ဆယ်ရေး ဆန် အထောက်အပံ့ မရရှိသည်မှာ ၂ လရှိပြီဖြစ်ကြောင်း စခန်းတာဝန်ခံများ ပြောကြားချက် အရသိရသည်။

ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၇၀၂ ဦးနှင့် လူဦးရေ စုစုပေါင်း ၃၀၄၁ ရှိကာ ထိုစခန်းသည် နိုင်ငံတကာနှင့် ပြည်တွင်းအဖွဲ့အစည်းများ၏ ရိက္ခာထောက်ပံ့မှု အကူအညီဖြင့် စစ်ဘေးရှောင်နေသည့် စခန်းတစ်ခုဖြစ်သည်။

“ဆန်အထောက်အပံ့တွေမရောက်ပါဘူး။ မရောက်တာ ဒီလနဲ့ ဆို ၂ လရှိပါပြီ။ အထောက်အပံ့လာမယ်လို့လည်း ပြောသံမကြားပါဘူး” ဟု ညောင်ချောင် စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးသိန်းဝင်းကပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ၁၂ လပိုင်းအထိ အထောက်အပံ့များရရှိခဲ့ပြီး ထိုစစ်ဘေးရှောင်စခန်းအား နီပွန်ဖောင်ဒေးရှင်းနှင့် WHO စသည့်အဖွဲများက ဆန် နှင့် ငွေသားများ အကူညီပေးခဲ့ကြောင်း သူကပြောသည်။

“ပြီးခဲ့တဲ့နှစ် ၁၂ လပိုင်းအထိတော့ အကူအညီတွေ လာပေးပါတယ်။ WHO က လူတစ်ယောက်ကို ငွေကျပ် ၂၁၀၀၀ ပေးပါတယ်။ နီပွန်ဖောင်ဒေရှန်းကတော့ တစ်ဦးကို ဆန် ၂ တောင်းစသဖြင့်ပေးခဲ့ပါတယ်” ဟုသူကပြောသည်။.

အလားတူ ကျောက်တော်ရှိ မဟာမုနိ စစ်ဘေးရှောင်စခန်းတွင်လည်း ဆန် အထောက်အပံ့မရသည်မှာ ၂ လရှိပြီဖြစ်ကြောင်း စခန်းမှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဦးကျော်ညွှန့်မောင်က ABN ကိုပြောသည်။

“ကျွန်တော်တို့ဖက်မှာလည်း ဆန် ထောက်ပံမှုမရပါဘူး။ ထောက်ပံ့မှုမရတာ ၂ လရှိပါပြီ။ အယင်တုန်းကတော့ နီပွန်ဖောင်ဒေရှန်းက ထောက်ပံ့ပါတယ်” ဟု ပြောသည်။

လက်ရှိတွင် ထိုစစ်ဘေးရှောင်စခန်း၌ အိမ်ထောင်စု ၄၃၂ နှင့် လူဦးရေ ၁၇၉၉ ဦးရှိကြောင်း စခန်းတာဝန်ခံ ပြောကြားချက်အရ သိရသည်။

ယခုနှစ် မိုးရာသီက မိုးနည်းပါးခဲ့သည့်အတွက်ကြောင့် ရခိုင်ရှိ စစ်ဘေးရှောင်စခန်းအများစုတွင် ရေမလုံလောက်မှုနှင့် မသန့်ရှင်းသန့်ရေများကို သုံးစွဲ နေရကြောင်း သိရသည်။

ကျောက်တော်မြို့နယ် ညောင်ချောင်းနှင့် မဟာမုနိ စစ်ဘေးရှောင်စခန်းများတွင် ကယ်ဆယ်ရေး ဆန် အထောက်အပံ့မရသည်မှာ ၂ လရှိပြီဟု စခန်းတာဝန်ခံများပြော

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ