Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်မြို့နယ် စစ်ကောင်စီအပေါက်ဝ ရဲစခန်း ရက္ခိုင့်တပ်တော်ထံတွင် လက်နက်ချ အလင်းဝင်

ကျောက်တော်မြို့နယ် စစ်ကောင်စီအပေါက်ဝ ရဲစခန်း ရက္ခိုင့်တပ်တော်ထံတွင် လက်နက်ချ အလင်းဝင်

AB News-နိုဝင်ဘာ ၁၃၊ ၂၀၂၃

ရခိုင်ပြည် ကျောက်တော်ြမို့နယ်ရှိ စစ်ကောင်စီတပ် လက်အောက်ခံ အပေါက်ဝနယ်မြေရဲစခန်း တစ်ခုလုံး ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များထံတွင် ယနေ့ မနက် ၁၁ နာရီခန့်က လက်နက်ချ အလင်းဝင်လာကြောင်း သိရသည်။

လက်နက်ချ အလင်းဝင်လာသည့် စစ်ကောင်စီရဲတပ်ဖွဲ့ဝင် ၂၆ ဦးခန့်ရှိကြောင်း သတင်းရင်းမြစ်များ ပြောကြားချက်အရ သိရသည်။

ထိုရဲတပ်ဖွဲ့ဝင်များသည် အသာတကြည် လက်နက်အပ် အလင်းဝင်ခြင်း ဖြစ်ကြောင်း မျက်မြင် ဒေသခံ ၁ ဦးက ပြောသည်။

“ကျနော်တို့တွေ မြင်လိုက်တာကတော့ အဲဒီစခန်းက ရဲတွေ လက်နက်အပြည့်အစုံနှင့် အသာတကြည် လက်နက်အပ် အလင်းဝင်တာကို တွေ့လိုက်ပါတယ်” ဟု ပြောသည်။

ထိုလက်နက်ချအလင်းဝင်သည့် ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များကိုလည်း ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များက ကားဖြင့် တင်၍ ခေါ်ယူသွားကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ