Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်မြို့နယ် ကာဒီရွာမှ စစ်ကောင်စီတပ်က စစ်ပုန်ကန်မှုဖြင့် တရားစွဲထားသည့် ဆန်စက်ပိုင်ရှင်နှင့် ၎င်း၏ အဖော်ဖြစ်သူတို့အမှု တရားလို အကြိမ်ကြိမ်ပျက်ကွက်နေ

ကျောက်တော်မြို့နယ် ကာဒီရွာမှ စစ်ကောင်စီတပ်က စစ်ပုန်ကန်မှုဖြင့် တရားစွဲထားသည့် ဆန်စက်ပိုင်ရှင်နှင့် ၎င်း၏ အဖော်ဖြစ်သူတို့အမှု တရားလို အကြိမ်ကြိမ်ပျက်ကွက်နေ

ABN-မေအိအိအောင်

ကျောက်တော်မြို့နယ်၊ ကာဒီ (သဇင်)ရွာမှ စစ်ကောင်စီတပ်က ဖမ်းဆီးပြီး စစ်ပုန်ကန်မှုနှင့် မတရားအသင်းဆက်သွယ်မှုတို့ဖြင့် အမှုဖွင့်တရားစွဲဆိုခံထားရသည့် ဆန်စက်ပိုင်ရှင်နှင့် သူ၏ အဖော်ဖြစ်သူတို့ကို ၉ ကြိမ်မြောက် ရုံးထုတ်ခဲ့သော်လည်း စစ်ကောင်စီတပ်ဖက်က တရားလိုမရောက်သဖြင့် ရုံးချိန်းထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း မိသားစုဝင်များကဆိုသည်။

ဆန်စက်ပိုင်ရှင် ဦးလှမောင်သန်းနှင့် သူ၏ အဖော်ဖြစ်သူ ကိုမောင်ချေ (ခ)မောင်သက်စိုး တို့မှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ၊ အောက်တိုဘာလ ၂ ရက်နေ့က ကျောက်တော်မြို့နယ်၊ ကန်စောက်အခြေစိုက် ခမရ ၅၃၉ တပ်ရင်းတွင် ဖမ်းဆီးခံခဲ့ရသည်။

သူတို့နှစ်ဦးအား မတရားအသင်းဆက်သွယ်မှု ဥပေဒပုဒ်မ ၁၇ (၁) နှင့် စစ်ပုန်ကန်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၁ ဖြင့်တရားစွဲဆိုပြီး ရုံးချိန်း ၉ ကြိမ်တိုင် ထုတ်စစ်ဆေးခဲ့သော်လည်း စစ်ကောင်စီတပ်ဖက်က တရားလိုဘက်က အကြိမ်တိုင်းပျက်ကွက်ခဲ့ကြောင်း ကိုမောင်ချေ၏ ဇနီးဖြစ်သူက ပြောသည်။

“ဒီနေ့လည်း တရားလိုမရောက်လာပြန်ဘူး။ ရုံးချိန်းကို ဧပြီလ ၅ ရက်နေ့သို့ ရွှေ့ဆိုင်းလိုက်တယ်။ ဒီတစ်ခေါက်ဆို ၉ ကြိမ်မြောက်ရှိပါပြီ” ဟုဆိုသည်။

အိမ်ရှင်ယောက်ျားဖြစ်သူကို စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့်အတွက် အလုပ်အကိုင် အဆင်မပြေသည့်အပြင် ကလေးတစ်ယောက်လည်းရှိသည့်အတွက် အသက်ရှင်သန်ရသည်မှာ ပိုမိုခက်ခဲလာနေကြောင်းဆက်ပြောသည်။

“ရုံးချိန်းဘာမှမထူးဘူး။ တရားလိုဖက်က မလာပြန်ဘူး။ အလုပ်အကိုင်တွေလည်းအဆင်မပြေ။ ကလေးတစ်ယောက်လည်းရှိတော့ ရုံးသွားလိုက်၊ ပြန်လာလိုက်နဲ့ အခက်အခဲတွေဖြစ်ပါတယ်။ ဖြစ်နိုင်မယ်ဆို တရားလိုကို အမြန်လာစေချင်ပါတယ်။ အပြစ်ရှိ မရှိ စစ်ဆေးအမိန့်ချစေချင်တယ်။ အပြစ်မရှိဆိုရင်လည်း ပြန်လွှတ်စေချင်တယ်” ဟု သူမကပြောသည်။

လက်ရှိတွင် ဦးလှမောင်သန်း နှင့် ကိုမောင်ချေ(ခ) ကိုမောင်သက်စိုး တို့မှာ ကျန်းမာရေး မကောင်းဖြစ်နေကြောင်းလည်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ