Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှ ဖမ်းဆီးခံ စစ်ဘေးရှောင် ၁ဦး ပြန်လည်လွတ်မြောက်လာ

ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှ ဖမ်းဆီးခံ စစ်ဘေးရှောင် ၁ဦး ပြန်လည်လွတ်မြောက်လာ

AB News – ဇန်နဝါရီ ၁၊ ၂၀၂၄

ရက္ခိုင်ပြည်၊ ​ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှ စစ်ကောင်စီအဖွဲ့၏ ဖမ်းဆီးခံခဲ့ရသည့် စစ်ဘေးရှောင် ၁ဦး ယမန်နေ့ ဒီဇင်ဘာလ ၃၁ရက်နေ့ ညဥ့် ၈နာရီကျော်အချိန်တွင်ပြန်လည်လွတ်မြောက်လာကြောင်း သိရှိရသည်။

စစ်ကောင်စီအဖွဲ့၏ ဖမ်းဆီးခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသူမှာ ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှ ဦးမောင်သန်းဝေ ၄၅နှစ် ဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၉ရက်နေ့ နံနက် ၁၀နာရီကျော်အချိန်တွင် ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှ ဦးမောင်သန်းဝေ သည် မဟာမုနိဘုရားကြီးအနီး လေယာဥ်ကွင်းနားတွင် စပါးအငှားရိတ်သိမ်းချိန်တွင် မဟာမုနိဘုရားခြံဝင်းတွင် တပ်စွဲထားသည့် ခလရ ၃၇၆ တပ်ရင်းမှ စစ်သားတွေက ရိုက်နှက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

စစ်ကောင်စီအဖွဲ့၏ ဖမ်းဆီးခံခဲ့ရသည့် ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှ ဦးမောင်သန်းဝေသည် ယမန်နေ့ ဒီဇင်ဘာလ ၃၁ရက်နေ့ ညဥ့် ၇နာရီအချိန်တွင် ပြန်လည်လွတ်မြောက်လာသည်ဟု ဒေသခံ ၁ဦးက ပြောသည်။

” ဒီဇင်ဘာလ ၂၉ရက်နေ့မှာ ဦးမောင်သန်းဝေဟာ မဟာမုနိဘုရားအနီး စပါးအငှားရိတ်သိမ်းနေတာပါ။ ဘုရားမှာ တပ်စွဲ​ထားတဲ့ ခလရ ၃၇၆ တပ်ရင်းက ရိုက်နှက်ဖမ်းဆီးသွားခဲ့တာပါ။ ဖမ်းဆီးတုန်းက သေနပ်ဒင်ဖြင့် ထုထောင်းရိုက်နှက်တာ ခံရလို့ ဦးခေါင်းကွဲသွားတယ်။ မနေ့က ည ၈နာရီကျော်အချိန်မှာ ပြန်လွတ်လာခဲ့ပါတယ်” ဟု ဆိုသည်။

ဒီဇင်ဘာလ ၂၉ရက်နေ့ နံနက် ၁၀နာရီကျော် အချိန်တွင် စစ်ကောင်စီအဖွဲ့သည် ဦးမောင်သန်းဝေကို သေနပ်ဒင်ဖြင့် ရိုက်နှက်ပြီးဖမ်းဆီးခဲ့သောကြောင့်

ဦးမောင်သန်းဝေ၏ ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ