Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်မြို့နယ်ရှိ တောင်ရှည်တောင်ဗျူဟာကုန်းမှ စစ်ကောင်စီတပ်သားများ တစ်ယောက်မကျန် ရက္ခိုင့်တပ်တော်ထံ လက်နက်ချအညံ့ခံ

ကျောက်တော်မြို့နယ်ရှိ တောင်ရှည်တောင်ဗျူဟာကုန်းမှ စစ်ကောင်စီတပ်သားများ တစ်ယောက်မကျန် ရက္ခိုင့်တပ်တော်ထံ လက်နက်ချအညံ့ခံ

AB News – ဇန်နဝါရီလ ၇၊ ၂၀၂၄

ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ တောင်ရှည်တောင်ဗျူဟာကုန်းမှ စစ်ကောင်စီတပ်သားများ တစ်ယောက်မကျန် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၆ရက်၊ ညနေ ၉နာရီခန့်အချိန်တွင် ရက္ခိုင့်တပ်တော်ထံ လက်နက်ချအညံ့ခံခဲ့ပြီဖြစ်ကြောင်း ညီနောင်မဟာမိတ် ၃ဖွဲ့က ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်တွင် “၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၆ရက်၊ ညနေ ၉နာရီခန့်အချိန်တွင် ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ တောင်ရှည်တောင်ဗျူဟာကုန်းကြီး တစ်ခုလုံးမှ တစ်ယောက်မကျန် မိမိတို့ထံ
လက်နက်ချအညံ့ခံခဲ့ပြီဖြစ်သည်” ဟု ဖော်ပြထားသည်။

ရက္ခိုင်​ဒေသအတွင်း ရက္ခိုင့်တပ်တော်မှ လက်ရှိထိုးစစ်ဆင်နေသော ဗျူဟာကုန်းများမှ ခေါင်းဆောင်များအနေဖြင့် ရက္ခိုင့်တပ်တော်၏ စေတနာကို နားလည်ပြီး စောလျင်စွာ ဆုံးဖြတ်ချက်ချ၍ လက်နက်ချအညံ့ခံရန် ရက္ခိုင့်တပ်တော်က ထပ်မံသတိပေးလိုက်သည်။

“စောစောလက်နက်ချလျှင် အသက်ဘေးက လွတ်မယ်”၊ “ပြည်သူ့ရင်ခွင် စောစောခိုလှုံလျှင် မိသားစု၊ ဆွေမျိုး၊ ညီအစ်ကိုမောင်နှများနှင့် စောစောတွေ့ရလိမ့်မည်”၊ “စောစောလက်နက်ချ အညံ့ခံလျှင် မနက်ဖန်တွင် အသက်ရှင်ကျန်ရစ်သူဟာ သင်သာလျှင်ဖြစ်လိမ့်မည်” ဟု ၁၀၂၇ စစ်ဆင်ရေးအတွင်း  စစ်ကောင်စီတပ်မှူး၊ တပ်သားတို့အချင်းချင်းကြား အပြောအများဆုံးစကားပင်ဖြစ်ကြောင်း သိရှိရသည်။

“အသက်ကိုဉာဏ်စောင့်” ဆိုသော်လည်း  သတ်မှတ်ထားသော စစ်ဆင်ရေးပစ်မှတ်များရှိ စစ်ကောင်စီတပ်ဖွဲ့တိုင်း၏ အသက်သည် ညီနောင်မဟာမိတ်များအပေါ်တွင် အဓိကမူတည်သည်ကို ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း အရေးနိမ့်ပြီး ထွက်ပြေးကြသူများနှင့် စစ်ရှုံးဒဏ်အရသာကို မြည်းစမ်းဖူးကြသောသူများမှ ကောင်းစွာသိရှိပြီး ဖြစ်သည်ဟု ဖော်ပြထားသည်။

လက်ရှိအချိန်တွင် လက်နက်ချအညံ့ခံသော စစ်ကောင်စီတပ်သားများ အရေအတွက်မှာ ၃၀၀၀ မှ ၄၀၀၀ နီးပါး ရှိလာခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။  

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ