Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်မြို့နယ်ရှိ ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင် ၁ဦးအား စစ်ကောင်စီအဖွဲ့က လူမဆန်စွာ ရိုက်နှက်ပြီး ဖမ်းဆီးသွား

ကျောက်တော်မြို့နယ်ရှိ ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင် ၁ဦးအား စစ်ကောင်စီအဖွဲ့က လူမဆန်စွာ ရိုက်နှက်ပြီး ဖမ်းဆီးသွား

AB News – ဒီဇင်ဘာ ၃၁၊ ၂၀၂၃

ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင် ၁ဦးအား အကြမ်းဖက် စစ်ကောင်စီအဖွဲ့က ယနေ့ ဒီဇင်ဘာလ ၃၁ရက် နံနက် ၁၀နာရီကျော် အချိန်တွင် လူမဆန်စွာ ရိုက်နှက်ပြီး ဖမ်းဆီးသွားခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။

လူမဆန်စွာ ရိုက်နက်ပြီး ဖမ်းဆီးခဲ့ရသူမှာ ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှ အသက် ၄၅ နှစ်အရွယ် ဦးမောင်သန်းဝေ​ဖြစ်သည်။

ယနေ့ ဒီဇင်ဘာလ ၃၁ရက် နံနက် ၁၀နာရီကျော် အချိန်တွင် အကြမ်းဖက် စစ်ကောင်စီအဖွဲ့သည် ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင် ၁ဦးကို လူမဆန်စွာ ရိုက်နက်ပြီး ဖမ်းဆီးခဲ့သည်ဟု ဒေသခံ ၁ဦးက ပြောသည်။

” ဒီနေ့ မနက် ၁၀ နာရီကျော်အချိန်မှာ ဦးမောင်သန်းဝေဟာ မဟာမုနိဘုရားကြီးအနီးက လေယာဥ်ကွင်းအနားမှာ စပါးအငှား ရိပ်သိမ်းနေတာပါ။ အဲဒါကို ခလရ ၃၇၆ တပ်ရင်းက စစ်သားတွေက ရိုက်နက် ဖမ်းဆီးသွားပါတယ်” ဟု ဆိုသည်။

ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင် ဦးမောင်သန်းဝေကို ခလရ ၃၇၆ တပ်ရင်းမှ စစ်သားများသည် ရိုက်နက်ပြီး ကြိုးဖြင့် ချည်​ကာ ဖမ်းဆီးခေါ်ယူခဲ့ကြောင်း သိရှိရသည်။

ဦးသန်းဝေသည် ကျောက်တော်မြို့နယ်၊ မာလာရွာဇာတိဖြစ်ပြီး ၂၀၁၉ ခုနှစ်မှ စ၍ ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် မိသားစုနှင့်အတူ စစ်ဘေးရှောင်နေသူ ဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ