Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်မြို့နယ်မှ ဒေသခံ ၈ ဦးကို စစ်ကောင်စီကဖမ်းဆီး၊ ၆ ဦးကို ပြန်လွှတ်ပေး

ကျောက်တော်မြို့နယ်မှ ဒေသခံ ၈ ဦးကို စစ်ကောင်စီကဖမ်းဆီး၊ ၆ ဦးကို ပြန်လွှတ်ပေး

AB News-ဒီဇင်ဘာ ၂၆၊ ၂၀၂၃

ယမန်နေ့ ဒီဇင်ဘာ ၂၅ ရက်နေ့က ရက္ခိုင်ပြည် ကျောက်တော်မြို့နယ်မှ ဒေသခံ ၈ ဦးကို စစ်ကောင်စီအဖွဲ့က ဖမ်းဆီးသွားခဲ့ပြီး ၆ ဦးကို ပြန်လည် လွှတ်ပေးလိုက်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများမှာ ကျောက်တော်မြို့နယ် ခေါင်းတုတ်ရွာမှ အသက် ၅၀ နှစ်အရွယ် ဦးထွန်းအေး၊ အသက် ၅၆ နှစ်အရွယ် ဦးမောင်ဖြူချေ၊ အသက် ၃၆ နှစ်အရွယ် ဦးထွန်းထွန်းကျော်၊ အသက် ၄၀နှစ်အရွယ် ဦးအောင်ကျော်နှင့် အမည် စုံစမ်းဆဲ အမျိုးသမီး ၄ ဦးတို့ ဖြစ်သည်ဟု သိရသည်။

၎င်းတို့ကို ဒီဇင်ဘာလ ၂၅ ရက်နေ့ ညပိုင်း ၇ နာရီ ၄၀ မိနစ်ခန့်က ကျောက်တော်မြို့အခြေစိုက် စကခ ၉ တပ်မမှ စစ်ကောင်စီအဖွဲ့ ခေါင်းတုတ်ရွာထဲသို့ လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်လာပြီး ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ရွာသား ၁ ဦးက ပြောသည်။

“သူတို့တွေ(စစ်ကောင်စီအဖွဲ့) က ရွာထဲကို သေနတ်ဖောက်ပြီးတော့ ဝင်လာကြတာပါ။ ရွာသားတွေလည်း ပြေးသူပြေး ပုန်းသူပုန်းနဲ့။ ရွာထဲတွေ့တဲ့ ၈ ယောက်ကို ဖမ်းသွားခဲ့တာပါ” ဟုဆိုသည်။

ယနေ့မနက်ပိုင်းက အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၄ ဦးကို ပြန်လည် လွှတ်ပေးလိုက်သော်လည်း အသက် ၄၀နှစ်အရွယ် ဦးအောင်ကျော်နှင့် အသက် ၃၆ နှစ်အရွယ် ဦးထွန်းထွန်းကျော်တို့ကိုမူ ဆက်လက်ဖမ်းဆီးထားကြောင်း သိရသည်။

စစ်ကောင်စီအဖွဲ့သည် ရက္ခိုင်ပြည်သူများကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးမှုများလာပြီး ဖမ်းဆီးခံရသူများကိုလည်း AA နှင့်ဆက်စပ်သူများဟု မတရားစွပ်စွဲကာ တရားစွဲဆိုမှုများအပြင် အချို့ကို ဒေသန္တရဥပဒေဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ