Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီးငယ် ၁ဦး မျှစ်သွားချိုးစဥ် ပျောက်ဆုံးနေ

ABN-ရှိုင်းမိုး

သြဂုတ် ၃ရက်

ရခိုင်ပြည် ကျောက်တော်မြို့နယ်ရှိ မြို့တော်ခန်းမ စစ်ဘေးရှောင်စခန်းမှ အမျိုးသမီးငယ် ၁ ဦး မျှစ်သွားချိုးစဥ် ပျောက်ဆုံးနေသည်ဟုသတင်းရရှိသည်။

ပျောက်ဆုံးနေသော အမျိုးသမီးငယ်သည် အသက် ၁၆ နှစ်အရွယ်ရှိ မသိန်းသိန်းစိုးဖြစ်သည်ဟုသိရသည်။

ပျောက်ဆုံးသွားသော အမျိုးသမီးငယ်သည် ကျောက်တော်မြို့နယ် တင်းမကြီးရွာမှဖြစ်ပြီး လက်ရှိတွင် မြို့တော်ခန်းမ စစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်နေသူတစ်ဦးဖြစ်သည်။

ထိုအမျိုးသမီးငယ်သည် သြဂုတ်လ ၂ရက်နေ့ နေ့ခင်းဖက်အချိန်က စူးပုတ်တောင်ဖက်သို့ သူ၏ အဖော် အမျိုးသမီး ၄ယောက်နဲ့အတူ မျှစ်သွားချိုးစဥ် တောတောင်ထဲတွင် ပျောက်ဆုံးကျန်နေခဲ့သည်ဟု တင်းမဆရာတော်မှ မိန့်ကြားသည်။

” ဟုတ်တယ် တကာမ ပျောက်သွားတာ၊ မနေ့က မျှစ်သွားချိုးကြတာတဲ့၊ မိန်ကလေး ၅ယောက်သွားတာ၊ ပြန်လာတဲ့အချိန်မှာလူစုတော့ သူမပါတော့ဘူး၊ မျှစ်ချိုးနေတဲ့အချိန်မှာတော့ လူစုကွဲနေတာ၊ သူတို့လည်း ရှာခဲ့ကြတယ်၊ ရှာမတွေ့လို့ပြန်လာပြီးပြောတယ်၊ ရွာသားတွေလည်းမနေ့ကရှာကြတယ်၊ မတွေ့ဘူး၊ မိန်းကလေးက အသက်ငယ်တော့ စိတ်ပူမိတယ်” ဟုဆရာတော်က မိန့်ကြားသည်။

ထိုစူးပုတ်တောင်သည် ကျောက်တော်မြို့နယ် ရွှေပြည်ရွာနဲ့နီးစပ်သည်ဟု သိရသည်။ လက်ရှိတွင် ထိုအမျိုးငယ်ကို AAတပ်ဖွဲ့ဝင်များမှ ဝိုင်းဝန်းရှာဖွေနေကြသည်ဟု ဆရာတော်က ဆက်မိန့်ကြားသည်။

” မနေ့ကလည်းရှာကြတယ်၊ ဒီနေ့လည်းရှာနေကြတယ်၊ AAတပ်ဖွဲ့ဝင်တွေလည်း ဝိုင်းပြီးရှာပေးနေကြတယ်၊ ခုထိတော့မတွေ့သေးပါဘူး၊ ရွာသားတွေလည်း အကုန်လုံးနီးပါးရှာနေကြတယ်၊ မိန်ကလေးဖြစ်လို့ပိုပြီးစိတ်ပူတယ်၊ အဲဒီတောင်မှာတော့ စစ်ကောင်စီတပ်စွဲနေထိုင်လို့မရှိဘူး” ဟုဆက်မိန့်သည်။

“လမ်းပျောက်သွားတယ်လို့ပြောရမလား၊ ဘယ်လိုပုံစံမျိုးပျောက်သွားလည်းဆိုတာ၊ စဥ်စားမရဖြစ်နေတယ်၊ မနေ့ညကလည်းမိုးတအားရွာတယ်၊ ဒါကြောင့် ပိုပြီးစိတ်ပူတယ် ” ဟု ဆရာတော်မှ ဆက်မိန့်သည်။

တင်းမကြီးရွာမှ ဒေသခံများသည် စစ်ဘေးရှောင်စခန်းတွင်နေထိုင်ကြပြီး စားဝတ်နေရေး အခက်အခဲကြောင့် ကျောင်းနေသည့် အရွယ်ချိန်တွင်လည်း ကျောင်းမနေရပဲ စားဝတ်နေရေးအတွက်ရုန်းကန်နေရကြောင်း ဆရာတော်က မိန့်ကြားလိုက်သည်။

စူးပုတ်တောင်သည် တောထူးထပ်ပြီး စူးပုတ်တောင်အတိုင်းလျှောက်သွားပါက သရီချောင်းနှင့် ရမ်းချောင်း ဖက်သို့ရောက်ရှိနိုင်သည်ဟုသိရှိရသည်။

ဓာတ်ပုံ-မျှစ်သွားချိုးစဥ် ပျောက်ဆုံးနေသည့် စစ်ဘေးရှောင် အမျိုးသမီးငယ်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ