Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်မြို့နယ်တွင် စစ်ကောင်စီအဖွဲ့က တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်သောကြောင့် ကလေးမိခင် ၁ဦးသေဆုံး၊ သုံးလအရွယ်ကလေးငယ် ၁ဦးအပါအဝင် ၁၀ဦး ထိခိုက်ဒဏ်ရာရ

AB News – ဇန်နဝါရီ ၃၊ ၂၀၂၄

ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် စစ်ကောင်စီအဖွဲ့က တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်သောကြောင့် ယနေ့ ဇန်နဝါရီလ ၃ရက်၊ ​မွန်းလွှဲ ၂နာရီ၊ ၃၀မိနစ်ခန့်အချိန်တွင် အလယ်ကျွန်းရွာမှ အမျိုးသမီး ၁ဦးသေဆုံးပြီး သုံးလအရွယ်ကလေးငယ် ၁ဦးအပါအဝင် ၁၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။

သေဆုံးသူမှာ ကျောက်တော်မြို့နယ်၊ အလယ်ကျွန်းရွာမှ အသက် ၃၂ အရွယ် ဒေါ်ခိုင်အေးနု ဖြစ်ပြီး ၎င်း၏ ၃ လသားအရွယ်ပါ ကျည်ထိ ဒဏ်ရာရခဲ့သည်။

ထို့အပြင် နောက်ထပ် ဒဏ်ရာရရှိသူများမှာ ခိုင်အေးဆန်း ၂၁နှစ်၊ ခိုင်ခိုင်စိုး ၂၉နှစ်၊ သိန်းဦးနွယ် ၁၈နှစ်၊ စောနွယ် ၃၃နှစ်၊ ဦးမေဆန်း ၃၀နှစ်၊ မောင်မျိုးချစ်အောင် ၂နှစ်၊ ခိုင်နုဝါ ၇နှစ်၊ ဒေါ်ခိုင်ခိုင်ညွှန့် ၃၂နှစ်၊ အောင်ခိုင်လင်း ၆နှစ်တို့ဖြစ်ကြသည်။

ယနေ့ ဇန်နဝါရီလ ၃ရက်၊ ​မွန်းလွှဲ ၂နာရီ၊ ၃၀မိနစ်ခန့်အချိန်တွင် စစ်ကောင်စီအဖွဲ့က ဂျက်တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ၁ဦးသေဆုံး၊ သုံးလအရွယ်ကလေးငယ် ၁ဦးအပါအဝင် ၁၀ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ကျေးရွာသား ၁ဦးက ABN သို့အတည်ပြုပြောသည်။

“ဒီနေ့ နေ့လည် ၂နာရီခွဲအချိန်မှာ စစ်ကောင်စီအဖွဲ့ရဲ့ တိုက်လေယာဥ်ဟာ အလယ်ကျွန်းရွာကို ၂ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်။ အဲ့ဒီတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁ဦး သေဆုံးခဲ့တယ်။ ၃လအရွယ် ကလေးငယ် ၁ဦးအပါအဝင် ၁၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ် ဒဏ်ရာတွေကလည်း အရမ်းပြင်းပါတယ်” ဟု ဆိုသည်။

စစ်ကောင်စီအဖွဲ့သည် ကျောက်တော်မြို့နယ်၊ အလယ်ကျွန်းရွာကို တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်သောကြောင့် လူနေအိမ် ၅ဆောင်ထက် မနည်း ပျက်စီးခဲ့ပြီး ကျေးရွာသားများမှာလည်း စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရှိရသည်။

ယမန်နေ့က ကျောက်တော်မြို့နယ် မျောက်တောင်ရွာကို စစ်ကောင်စီက ဒရုန်းဖြင့် Drop Bomb ချ ပစ်ခတ်ခဲ့သည့်အတွက် ရွာသား ၂ ဦးသေဆုံးခဲ့ပြီး ၆ ဦးဒဏ်ရာပြင်းထန်ရရှိခဲ့သည်။

တောင်ရှည်တောင်ဗျူဟာကုန်းအား ရက္ခိုင့်တပ်တော်က တိုက်ခိုက်သိမ်းပိုက်လျက်ရှိပြီး စစ်ကောင်စီက ထိုဒေသတဝိုက်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ရဟတ်ယာဥ်၊ ဂျက်ဖိုက်တာများဖြင့် ပစ်ခတ်သည့်အပြင် ဒရုန်းဖြင့်ပါ စစ်ဖက်နှင့်မဆိုင်သည့် လူနေရပ်ရွာများကို ပစ်ခတ် တိုက်ခိုက်လျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ