Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်မြို့နယ်တွင် စစ်ကောင်စီ စကခ ( ၉ ) တပ်မမှ ဆိုင်ကယ်သမား၊ ကားသမားများထံမှ ငွေကြေးများတောင်းယူနေ

ကျောက်တော်မြို့နယ်တွင် စစ်ကောင်စီ စကခ ( ၉ ) တပ်မမှ ဆိုင်ကယ်သမား၊ ကားသမားများထံမှ ငွေကြေးများတောင်းယူနေ

ABN- ရှိုင်းမိုး

ရခိုင်ပြည်ကျောက်တော်မြို့နယ် စကခ ( ၉ ) ကန်ဇောက်တပ်မမှ ဆိုင်ကယ်သမား၊ ကားသမားများထံမှ ငွေကြေးများတောင်းယူနေသည်ဟုကားသမားများကပြောသည်။

ဧပြီလ ၄ရက်နေ့မှစ၍ ဆိုင်ကယ်သမားများ၊ ကားသမားများထံမှ အသွား ငွေကျပ် ၁၀၀၀၀ အပြန် ငွေကျပ် ၁၀၀၀၀ ကျပ်စီတောင်းယူနေကြောင်းသိရသည်။

“မနေ့ကစတောင်းပါတယ်၊ ဒါပေမယ့်မနေ့ကတော့ ဒီနေ့လောက်မဆိုးပါဘူး၊ ဒီနေ့ပိုဆိုးပါတယ်၊ စစ်သားတွေထင်ပါတယ်၊ ဒါပေမယ့်သူတို့ ရဲအဝတ်ဝတ်ဆင်ထားပါတယ်” ဟု၎င်းကဆိုသည်။

ကျောက်တော်တပ်မမှ ပြည်သူတွေထံမှ ၂လတစ်ကြိမ် ၃လတကြိမ်ခန့်စီ တောင်းခံကြောင်းနောက်ထပ်ကားသမားတစ်ဦးကပြောသည်။

“သူတို့ ၃လလောက်ကြာပြီမတောင်းတာ၊ အခုပြန်တောင်းပါတယ်၊ မကြာမကြာဆိုသလိုလိုက်တောင်းနေတာက အဆင်မပြေပါဘူး၊အခုလည်း အသွား ၁၀၀၀၀ အပြန် ၁၀၀၀၀ တောင်းတယ်” ဟုဆိုသည်။

စစ်ကောင်စီမှ မြောက်ဦး၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်၊ စစ်တွေစသည့်မြို့များတွင် မကြာခဏ လမ်းသွား၊ လမ်းလာပြည်သူများကို စစ်ဆေးမှုများပြုလုပ်ပြီး ငွေကြေး မတရား တောင်းယူမှုများရှိသည်ကိုတွေ့ရသည်။

ဓာတ်ပုံ-စစ်ကောင်စီတပ်စစ်ရေးဂိတ်တစ်နေရာ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ