Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်မြို့နယ်တွင် နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွား၍ လူတစ်ဦးသေဆုံး

ကျောက်တော်မြို့နယ်တွင် နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွား၍ လူတစ်ဦးသေဆုံး

ABN-ရှိုင်းမိုး

မတ်လ ၃၁ရက်နေ့ ည ၉နာရီကျော်အချိန်တွင် ရခိုင်ပြည်ကျောက်တော်မြို့နယ် အပေါက်ဝရွာမှ ပေါ်တော်မူရပ်ကွက်တွင် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား၍ လူတစ်ဦးသေဆုံးခဲ့သည်ဟု သိရသည်။

မီးလောင်သွားသောနေအိမ်မှာ ဦးလှမောင်သာ၏ နေအိမ်ဖြစ်ပြီး ‌သေဆုံးသွားသောသူမှာ ဦးလှမောင်သာ၏သား အသက် ၃၁နှစ်အရွယ် မောင်ပြားချေဖြစ်သည်ဟုသိရသည်။

အဆိုပါမီးလောင်ရခြင်းသည် ဦးလှမောင်သာ၏သား အရက်မူးပြီးဆေးလိပ်သောက်ရာကနေစပြီးမီးလောင်ရခြင်းဖြစ်သည်ဟု ပြောသည်။

“ မီးလောင်ရာမှာပါသွားတဲ့သူက အရက်မူးမူးနှင့်ဆေးလိပ်သောက်နေပါတယ်၊ ဆေးလိပ်သောက်ပြီးဆေးလိပ်ကို ခေါင်းအုံးနားမှာထားတာလားမသိဘူး၊ အဲဒါကနေစပြီးလောင်တာထင်ပါတယ်၊ သူလည်းမီးထဲပါပြီးသေသွားပါတယ်၊ အိမ်လည်းဘာမှ မကျန်လိုက်ပါဘူး” ဟု ကိုလှဝင်းမှပြောသည်။

မတ်လ ၃၀ရက်နေ့ နေလယ် ၁နာရီကျော်အချိန်တွင် မြောက်ဦးမြို့ရွှေတောင်တွင် မီးလောင်မှုဖြစ်ပွားခဲ့သည်သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ