ABN-ရှိုင်းမိုး
ကျောက်တော်မြို့နယ်တွင် ယနေ့ ညနေ ၄နာရီကျော်အချိန်တွင် ကွမ်းအုံချောင်းရွာအနီး ခရီးသည်တင် ရွှေရည်စုဝေကားနှင့် အိမ်စီးကားတို့တိုက်မိ၍ အမျိုးသားတစ်ဦးသေဆုံးပြီး၊ အမျိုးသမီးတစ်ဦးဒဏ်ရာရရှိသွားသည်ဟုသိရသည်။
သေဆုံးသွားသောသူမှာ အိမ်စီးကားစီးလာသော ကျောက်တော်မြို့နယ် အပေါက်ဝရွာမှ စာရေးဆရာ ခိုင်ဖွား( ပြောင်းဆိပ် ) ၏သားဖြစ်သည်ဟုသိရသည်။ ဒဏ်ရာရရှိသွားသောအမျိုးသမီးမှာ ပေါက်တောမြို့နယ်မှ ဖြစ်သည်ဟုသိရသည်။
“သေးသွာတဲ့သူကတော့ စာရေးဆရာ ခိုင်ဖွားရဲ့သားပါ၊ တခါတည်းသေသွားတာပါ၊ ရွှေရည်စုဝေ ကားကြီးက မန္တလေးမြို့ဖက်ကအလာပါ၊ အိမ်စီးကားကတော့ ဒီဖက်ကအသွားပါ၊ ခရီးသည်တင်ကားထဲက အမျိုးသမီးတစ်ဦးဒဏ်ရာရသွားပါတယ် ၊ တခြားဒဏ်ရာရသွားတဲ့သူတော့မရှိပါဘူး” ဟု သင်္ဂနက်ရွာမှ ကိုကျော်ထွန်းမှပြောသည်။
လက်ရှိတွင် ကားသမား ၃ဦးကို ULA မှထိန်းချုပ်ထားသည်ဟုသိရသည်။
၂၀၂၂ခုနှစ်အတွင်းတွင်လည်း မင်းပြားနယ်တွင် ကြံတိုင်အောင်ခရီးသည်တင်ကားကြီးနှင့် ဆိုင်ကယ်မောင်းနှင်လာသူတိုက်မိ၍ ဆိုင်ကယ်စီးလာသူမှာ နေရာ၌ပင်သေဆုံးခဲ့သည်။



