Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်မြို့နယ်တွင် ၆ ဘီးကား ဘရိတ်ပေါက်ပြီး လမ်းဘေးရှိ နေအိမ် ၁ ကိုဝင်တိုက်မှုဖြစ်၊ လူထိခိုက်မှုမရှိ

ကျောက်တော်မြို့နယ်တွင် ၆ ဘီးကား ဘရိတ်ပေါက်ပြီး လမ်းဘေးရှိ နေအိမ် ၁ ကိုဝင်တိုက်မှုဖြစ်၊ လူထိခိုက်မှုမရှိ

ABN-ရာဟု

ရခိုင်ပြည် ကျောက်တော်မြို့နယ် ပုဏ္ဏားရွာတွင် ဖေဖော်ဝါရီလ ၂၀ရက်နေ့ ညနေ ၅ နာရီက ကားလမ်းဘေးရှိ နေအိမ်တစ်လုံးကို စပါးများတင်ဆောင်လာသည့် ၆ဘီးကားတစ်စီး ဘရိတ်ပေါက်ကာ ဝင်တိုက်မှုဖြစ်ပွားခဲ့သည်ဟု သိရှိရသည်။

ကားတိုက်မှုကြောင့် နေအိမ်အတွင်းရှိလူများမှာ ထွက်ပြေးလွတ်မြောက်သွားသော်လည်း နေအိမ်မှာ လုံးဝပျက်စီးသွားပြီး အိမ်ရှိ ပစ္စည်းများမှာလည်း ပျက်စီးသွားကြောင်း နေအိမ်ပိုင်ရှင်ဇနီးဒေါ် မလှခိုင် ကပြောသည်။

“ကားကတစ်ခါတည်း ဝင်လာတာ သမီးလေးမြင်လို့ ပြေးလွတ်လိုက်တာပေါ့။ နေအိမ်ကတော့ ရစရာမရှိတော့ဘူး။ အကုန်ပျက်သွားတာ အိုးခွက် ပန်ကန်တွေ ခုအရပ်ကငှားသုံးနေရတယ်” ဟု ‌အိမ်ပိုင်ရှင် ဒေါ်မလှခိုင်က ABNကို ပြောဆိုသည်။

ထိုကားမှာ စစ်တွေမြို့နယ် ရေချမ်းပြင်ဆိပ်မှ စပါးတောင်း ၁၀၀၀ကျော် တင်ဆောင်လာသည့် ၆ဘီးကားဖြစ်ပြီး ကားမောင်းသူမှာ စစ်တွေမြို့ အိုးတန်းရပ်ကွက်မှ ကိုမောင်မြတ်စိုး အသက်၂၃ နှစ်ဆိုသူဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် ထိုကားသမားကို သက်ဆိုင်ရာဒေသ ရက္ခိုင့်ပြည်သူ့အာဏာပိုင်အဖွဲ့က ထိန်းသိမ်းထားပြီး အမှုကို စစ်ဆေးလျှက်ရှိသည်ဟုသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ