Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်မြို့နယ်တွင် မိုင်းနင်းမိ၍ အသက် ၄၂ နှစ်အရွယ်အမျိုးသားတစ်ဦး ခြေချင်းဝတ်ပြတ်သွားသည်ဟုသိရ

ABN – ရှိုင်းမိုး

ယနေ့ နံနက် ၁၂ နာရီ ခန့်အချိန်တွင် ကျောက်တော်မြို့နယ်မှ အသက် ၄၂နှစ်အရွယ် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ ခြေချင်းဝတ်ပြတ်သွားသည်ဟုသိရသည်။

မှိုင်းနင်းမိသူမှာ ကျောက်တော်မြို့နယ် သဲပုံရွာမှဖြစ်ပြီး လက်ရှိတွင် ကျောက်တော်မြို့ လမ်းမတော်ရွာတွင်နေထိုင်သည် အသက် ၄၂နှစ်အရွယ် ဦးဇော်မိုးလွင် ဖြစ်သည်။

ထိုအမျိုးသားသည် နံနက် ၁၀ နာရီကျော်အချိန်က ထင်းခုတ်သွားစဥ် စစ်ကောင်စီ ( ၃၇၄ ) တပ်ရင်းအနီးတွင် မြေမြုပ်မိုင်းနင်းမိ​သည့်အတွက်ကြောင့် ခြေချင်းဝတ်ပြတ်သွားကြောင်း ၎င်း၏ညီမဖြစ်သူကပြောသည်။

“၁၀ နာရီကျော်လောက်က သူ့မိတ်ဆွေတစ်ဦးနဲ့ ထင်းရှာဖို့ ထွက်သွားတာပါ။ ၁၂ နာရီလောက်မှာ မိုင်း ၁ ခါပေါက်သံကြားပါတယ်။ နောက်တော့မှ ကိုယ့်အစ်ကို မိုင်းထိတယ်လို့ သိရပါတယ်” ဟု ပြောသည်။

ဦးဇော်မိုးလွင်မှာ ကနဦး ကျောက်တော်ဆေးရုံတွင် ဆေးကုသမှုခံယူရန် စီစဉ်ခဲ့ကြသော်လည်း ဒဏ်ရာမှာ အလွန်ပြင်းထန်သည့်အတွက် စစ်တွေဆေးရုံကြီးသို့ ဖြူစင်မေတ္တာ ပရဟိတအသင်းကားဖြင့် ယူဆောင်သွားကြောင်း သိရသည်။

ကျောက်တော်မြို့နယ်တွင် မိုင်းနင်းမိ၍ အသက် ၄၂ နှစ်အရွယ်အမျိုးသားတစ်ဦး ခြေချင်းဝတ်ပြတ်သွားသည်ဟုသိရ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ