Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်မြို့နယ်တွင် အစာအဆိပ်သင့်ပြီး မိသားစု ၄ ဦး သေဆုံး၊ လသားအရွယ်ကလေး ၁ ဦးအပါအဝင် ၃ ဦး အရေးပေါ်ဆေးရုံတင်ထားရ

ယမန်နေ့ နိုဝင်ဘာ ၂၇ ရက်နေ့ ညနေက ရခိုင်ပြည် ကျောက်တော်မြို့နယ် ပီးချောင်း- သက်ထင်ရွာမှ မိသားစု တစ်စု အစာဆိပ်သင့်ပြီး ၄ ဦးသေဆုံးသွားပြီဖြစ်ကာ လသားအရွယ် ကလေးငယ်တစ်ဦးအပါအဝင် ကျန်မိသားစု ၃ ဦးမှာ ကျောက်တော်ပြည်သူ့ဆေးရုံတွင် အရေးပေါ်ဆေးကုသမှု ခံယူရလျက်ရှိနေကြောင်းသိရသည်။

‌အစာအဆိပ်သင့်သေဆုံးသွားသူများမှာ ဦးသောကြာအောင်၏ ဇနီးဖြစ်သူ အသက် ၅၂ နှစ်၊ သမီးဖြစ်သူ မစန္ဒာဝင်း အသက် ၂၁ နှစ်၊ သမီးဖြစ်သူ မစောသန့်နှင့် သားဖြစ်သူ (အမည်မသိရသေး) ဖြစ်ကြပြီး၊ မိခင်ဖြစ်သူနှင့် သမီးတစ်ဦးမှာ ရွာတွင် သေဆုံးခဲ့ခြင်းဖြစ်ပြီး နောက်ထပ် သားနှင့် သမီးမှာ ဆေးရုံတွင်သေဆုံးခဲ့ခြင်းဖြစ်သည်။

ဦးသောကြာအောင်၊ ‌ဒေါ်စန္ဒာဝင်း၏ လသားအရွယ် ကလေးငယ်နှင့် အဘွားအို ၁ ဦးတို့မှာ ဆေးရုံတွင် အရေးပေါ် ကုသနေရဆဲဖြစ်သည်။

ဈေးမှ ဝယ်လာသည့် ပြောင်းဖူးကို မိသားစုလိုက် စားလိုက်ရာမှ အစာအဆိပ်ဖြစ်ခြင်း ဖြစ်ကြောင်း ကနဦးသိထားရသော်လည်း ကျောက်တော်မြို့ ပြည်သူ့ဆေးရုံမှ တာဝန်ရှိ ဆရာဝန်၏ မှတ်ချက်ပြုမှုကို ရရှိနိုင်ရန် ABNမှ ကြိုးစားနေဆဲဖြစ်သည်။

ဓာတ်ပုံ-ကီမာမြေ (FB)

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ