ရခိုင်ပြည် ကျောက်တော်မြို့ ညောင်ပင်လှကျေးရွာအနီးချောင်းတွင် ရေနှစ်သေဆုံးနေသည့် ရုပ်အလောင်း ၁ လောင်း ကိုရွာသားများက ယနေ့ နံနက်ပိုင်းက တွေ့ရှိခဲ့သည်ဟုသိရသည်။
သေဆုံးသူမှာ ကျောက်တော်မြို့နယ် ပီဝရွာမှဖြစ်ပြီး အဖ ဦးကျော်ထွန်း၏သား ဦးညွန့်မောင် အသက်(၄၀)နှစ်ဖြစ်ပြီး ၎င်းသည် နိုင်ဘာ ၁၇ နေ့ကပင် ပျောက်ဆုံးနေခြင်းဖြစ်ပြီး ယနေ့ နိုဝင်ဘာ ၂၁ရက် နံနက်ပိုင်းက ပြန်လည် တွေ့ရှိခဲ့သည်ဟု ရွာသားတစ်ဦးက ABNကိုပြောသည်။
“ဟုတ်ပါတယ် အလောင်းကိုတွေ့တာကတော့ ဒီနေ့ မနက် ၈နာရီကျော်လောက်ကတွေ့တာပါ။ အလောင်း ခန္ဓာကိုယ်မှာတော့ တစုံတရာထိခိုက်ဒဏ်ရာရထားတာတော့မတွေ့ဘူး” ဟု ပြောသည်။