Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်မြို့နယ်တွင် စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် မာရမာကြီးအမျိုးသား ၂ ဦးဒဏ်ရာရ၊ တစ်ဦး အသက်အန္တရာယ်စိုးရိမ်ရ

ကျောက်တော်မြို့နယ်တွင် စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် မရမာကြီးအမျိုးသား ၂ ဦးဒဏ်ရာပြင်းထန်စွာရရှိကြောင်းသိရသည်။

ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့ မွန်းတည့် ၁၁နာရီ ၃၀ မိနစ်အချိန်တွင် ကျောက်တော် စကခ (၉) တပ်ရင်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောက်တော်မြို့နယ် ဒုံးရွာမှ အဖ ဦးမောင်ချေဦး၏သား ဦးနီချိုင်း အသက် ၃၀နှစ်တွင် ခြေထောက်ဒဏ်ရာရခဲ့ပြီး အဖ ဦးဘီရော်ဘာဘု၏၏သား ဦးရာ့ရှ် အသက် ၂၃ နှစ်တွင် ဦးခေါင်း၌ ဒဏ်ရာရခဲ့သည်။

စစ်ကောင်စီတပ်၏ ပစ်ခတ်ခံရသူများမှာ ယနေ့ မွန့်တည့်အချိန့်ခန့်က ရုပ်သားရွာအနီး ကုလားတန်မြစ်တွင် ပလက်ဝဘုတ်သို့ ပစ္စည်းပို့ရန် သွားစဥ် ပသ်ခတ်ခံရခြင်းဖြစ်သည်။

“သူတို့က ပလက်ဝဘုတ်ကို ပစ္စည်းပို့ဖို့သွားကြတာပါ၊ ၃ ယောက်မှာ တစ်ယောက်ကတော့ လက်နက်ကြီးပစ်သံကိုကြားတာနဲ့ မြစ်ထဲခုန်ဆင်းလို့ လွတ်သွားတာ၊ ရာ့ရှ်မှာ ခေါင်းထိတဲ့ ဒဏ်ရာက အသက်အန္တရာယ်စိုးရိမ်ရပါတယ်” ဟု သတင်းရင်းမြစ်ကပြောသည်။

စစ်ကောင်စီတပ်သည် ရခိုင်ပြည်တွင် အရပ်သား စစ်သား မခွဲခြားဘဲ ခရီးသွားပြည်သူများ၏ ဘုတ်များကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်လျက်ရှိပြီး၊ ရက္ခိုင့်တပ်တော်နှင့်ဆက်စပ်သည်ဟုစွပ်စွဲကာ ဖမ်းဆီး တရားစွဲ ထောင်ချခြင်းများကိုလည်း ပြုလုပ်လျက်ရှိသည်။

ထို့အပြင် နိုဝင်ဘာ ၁၆ ရက်နေ့ကလည်း ကျောက်တော် ကန်စောက်တောင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောက်တော်မြို့နယ် ချောင်းတူရွာမှ ၃ ဦးသေဆုံးပြီး၊ ၃ ဦးဒဏ်ရာရရှိခဲ့သည်။

ထိုနေ့ နိုဝင်ဘာ ၁၆ ရက်နေ့၌ပင် မောင်တောမြို့နယ် ဂြစ်ချောင်းရွာသို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် မြိုလူမျိုးရွာသား ၁၁ ဦးသေဆုံးခဲ့ရပြီး ၃၀ ဦးကျော်ထိ ဒဏ်ရာရရှိခဲ့သည်။

ဓာတ်ပုံ-ဦးခေါင်းတွက် ဒဏ်ရာရရှိခဲ့သည့် ဦးရာ့ရှ်

ကျောက်တော်မြို့နယ်တွင် စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် မာရမာကြီးအမျိုးသား ၂ ဦးဒဏ်ရာရ၊ တစ်ဦး အသက်အန္တရာယ်စိုးရိမ်ရ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ