Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်မြို့နယ်တွင် ညည့် ၁၁နာရီကျော်ခန့်က လက်နက်ကြီးကျည်ကျ၍ မိသားစု ၃ ဦး သေဆုံးပြီး လူနေအိမ်များပျက်စီး၊ နွားများ သေဆုံး

ရခိုင်ပြည် ကျောက်တော်မြို့ စကခ (၉) တပ်မ မှ

ညည့် ၁၁နာရီခန့်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကျောက်တော်မြို့နယ် ပီစိရွာတွင် ကျရောက်ပေါက်ကွဲပြီး မိသားစု ၃ ဦးနေရာတွင် သေဆုံးခဲ့ရပြီး လူနေအိမ်များပျက်စီးခဲ့ပြီးနွားများပါသေခဲ့ရကြောင်း ABN သတင်းဌာနမှ စုံစမ်းသိရှိရသည်။

အောက်တိုဘာ ၃၁ရက်နေ့ ညည့် ၁၁နာရီကျော်ခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းလုံးဝမရှိဘဲ ကျောက်တော် စကခ (၉)မှ လက်နက်ကြီး ၁၀ချက်ထက်မနည်းပစ်ခတ်ခဲ့သည်ဟု ဒေသခံများကပြောသည်။

ယင်းကဲ့သို့ပစ်ခတ်မှုကြောင့် ပီစိရွာမှ ဦးကိုစိုးဝင်း အသက် ၄၅ နှစ်၊ ဇနီးဖြစ်သူ ဒေါ်သန်းသန်းဝေ အသက် ၄၃နှစ်၊ သမီး မဖြိုးစုဝေ အသက် ၁၃နှစ် တို့ဖြစ်ကြပြီး လက်နက်ကြီးကျ၍ ၎င်းနေရာတွင်ပင် သေဆုံးသွားခဲ့ရပြီး အုပ်ချုပ်ရေးမှူးနေအိမ်အပါအဝင် အိမ် ၆ ဆောင် ပျက်စီးခဲ့ရသည်ဟု ရွာသားများကပြောသည်။

“ကျောက်တော် စကခ (၉)ကပါ ညည့်၁၁နာရီကျော်လောက်ရှိပါတယ်၊ လက်နက်ကြီးတွေနဲ့ပစ်တာပါ၊ ကျွန်မတို့ရွာကိုကျပါတယ် ပထမ ၁ လုံးက အုပ်ချုပ်ရေးမှူး ဦးထွန်တင် အိမ်ကိုကျပါတယ် ဒုတိယ ၁လုံးက သေဆုံးသွားသော ဦးကိုစိုးဝင်းအိမ်ထဲကို တိုက်ရိုက်ကျပါတယ် သူတို့မိသားစု ၃ယောက်လုံး နေရာမှာ သေဆုံးသွားပါတယ်” ဟုပြောသည်။

လက်နက်ကြီးပစ်သံကြားသည်နှင့် ရွာသားအများစုမှာ ဗုံးခိုကျင်းများတွင် ခိုလှုံနေခဲ့ကြခြင်းကြောင့် အသက်ဘေးမှ လွတ်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသွားသော မိသားစုမှာ ဗုံးခိုကျင်းတွင် ခိုလှုံချိန်မရလိုက်ဘဲ နေအိမ်တည့်တည့် လက်နက်ကြီးကျရောက်၍ နေရာတွင်ပင် သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု ရွာသားတစ်ဦးက ရှင်းပြသည်။

“လက်နက်ကြီးနဲ့စပစ်တယ်ဆိုတာနဲ့ ရွာကလူတွေ အကုန်လုံးနီးပါး လုံခြုံရာကိုထွက်ပြေးကြပါတယ်။ ကျွန်မတို့ ညည့် ၂နာရီလောက်မှ ပုန်းတဲ့ ဗုံးခိုကျင်းက ထွက်လာကြပါတယ်။ ကျွန်မတို့ထွက်လာတာနဲ့ သူတို့မိသားစု ၃ ယောက်သေဆုံးနေတာကိုတွေ့ပါတယ်။ မနက်မိုးလင်းတော့ သူတို့ကို ကျောက်တော်မြို့ ရင်ခွဲရုံကို ယူသွားကြတယ် ။ နေအိမ် ၆ လုံးကိုလည်းကျပါတယ်။ ဒါပေမယ့် နေအိမ် ၂ လုံးကတော့ အတော်ပျက်စီးသွားတယ်၊ နွားလည်း ၂ ကောင်သေဆုံးသွားတယ် ဒဏ်ရာရ နွား ၁ ကောင်လည်း

ရှိတယ်” ဟု ABN ကိုပြောသည်။

သေဆုံးသွားရသည့် မိသားစု ၃ ဦးကို နိုဝင်ဘာ ၁ ရက်နေ့ နေ့လယ် ၂ နာရီခန့်လောက်က သင်္ဂြိုလ်ပြီး ထိုအသုဘသို့ လူပေါင်း ၁၀၀ ကျော်လိုက်ပါပို့ဆောင်ခဲ့ကြောင်းသိရသည်။

ရခိုင်ပြည်တွင် စစ်ကောင်စီဖက်မှ တိုက်ပွဲဖြစ်ပွားခြင်းတစုံတရာမရှိဘဲ လူနေရွာများသို့ ၂၀၂၂ ခုနှစ် စတင်ဘာလ အတွင်းမှစ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဆက်တိုက် ပစ်ခတ်မှုရှိနေ ပြီး ထိုသို့ပစ်ခတ်မှုများကြောင့် သေဆုံးသူ ၉ ဦး ထက်မနည်းရှိပြီး ဒဏ်ရာရရှိသူ ၂၀ ဦးထက်မနည်း ရှိခဲ့ကြောင်း ABN သတင်းဌာနမှ စုံစမ်းချက်အရသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ