Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်မြို့နယ်တရားရုံးတွင် ၁၇/၁ ဖြင့်တရားရင်ဆိုင်နေရသည့် ဒေသခံ ၉ဦးထဲမှ ၂ဦးလွတ်မြောက်

ကျောက်တော်မြို့နယ်တရားရုံးတွင် ၁၇/၁ ဖြင့်တရားရင်ဆိုင်နေရသည့် ဒေသခံ ၉ဦးထဲမှ ၂ဦးလွတ်မြောက်

ABN-ရှိုင်းမိုး

သြဂုတ် ၂ရက်

ရခိုင်ပြည် ကျောက်တော် မြို့နယ် တရားရုံးတွင် မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁ ဖြင့်တရားစွဲဆိုခံထားရသူ ၉ဦးထဲမှ ယနေ့ ၂ဦးလွတ်မြောက်လာသည်ဟု ကနဦးသိရှိရသည်။

ယနေ့ သြဂုတ်လ ၂ရက်နေ့ ညနေ့ ၄နာရီကျော်အချိန်တွင် ကျောက်တော်မြို့ ကဝိရတနာစစ်ဘေးရှောင်စခန်းမှ ဦးကျော်ဟိန်းနှင့် ကျောက်တော်မြို့နယ် သရက်တပင်ရွာမှ ဦးမောင်စောသာ တို့ ၂ဦးသည် ယနေ့လွတ်ငြိမ်းချမ်းသာခွင့်တွင်ပါဝင်သည်ဟု ဦးကျော်ဟိန်း၏ဇနီးကပြောသည်။

” ဒီနေ့ လွတ်ပါတယ်၊ ကျွန်မက မနေ့က လွတ်ငြိမ်းခွင့်မှာမပါလို့ ဒီနေ့ပါမယ်မထင်ခဲ့ဘူး၊ နောက်ပြီး ဒီနေ့က သူကိုရုံးချိန်ပေးထားတဲ့နေ့၊ ဒါကြောင့် ပိုပြီးမထင်ထားခဲ့တာ၊ အခုတော့ ဘာစကားတောင်ပြောရမယ်မသိတော့ဘူး၊ ပျော်လိုဘာမှမပြောတတ်တော့ဘူး” ဟု၎င်းကပြောသည်။

ဦးကျော်ဟိန်းသည် ၂၀၂၂ ဇူလိုင်လ ၂၂ရက်နေ့ ည ၈နာရီကျော်အချိန်တွင် လူနာတစ်ဦးကို ဆေးကုသပေး၍ အိမ်ပြန်လာချိန်လမ်းတွင် ကင်းလှည့်နေသော စစ်ကောင်စီတပ်သားများ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရသည်။

အလားတူ ဦးမောင်စောသာသည်လည်း ထိုလထဲတွင်ပင် AAနဲ့ဆက်စပ်သည်ဟု စွပ်စွဲပြီး နေအိမ်တွင် စစ်ကောင်စီတပ်သားများ လာရောက်ဖမ်းဆီးခြင်းကိုခံခဲ့ရသည်။

လက်ရှိကျောက်တော်မြို့နယ် တရားရုံးတွင် ၁၇/ ၁ ဖြင့်တရားစွဲဆိုခံထားရသည့် ဒေသခံများနှင့် ၅၀၅ (က) ဖြင့် အမိန့်ချမည့်ရက်ကို စောင့်ဆိုင်းနေကြသည့် ဒေသခံများလည်းရှိနေသေးသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ