Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်မြို့တွင် ဓာတ်ဆီးဖြည့်ရန် ရောက်နေသည့် တေဘာကား ၁စီးကို စစ်ကောင်စီတပ်ကလုယူ

ABN-ရှိုင်းမိုး

ယနေ့ နံနက် ၁၀ နာကျော်အချိန်တွင် ရခိုင်ပြည်ကျောက်တော်မြို့ ချင်းရွာရပ်ကွက်တွင် ဓာတ်ဆီဖြည့်ရန်ရောက်ရှိနေသည့် တေဘာကား ၁စီးကို စစ်ကောင်စီတပ်က လုယူသွားသည်ဟုသိရသည်။

ထိုတေဘာကားသည် ကျောက်တော်မြို့ ချင်းရွာရပ်ကွက်မှ ဒေါ်မအေးတင်၏ ကားဖြစ်သည်ဟုသိရသည်။

​တေဘာကားကို ဓာတ်ဆီဆိုင်တွင် ဆီဖြည့်ရန်လာသည့်အချိန်တွင် ကျောက်တော်မြို့ချင်းရွာရပ်ကွက်တွင် ရောက်ရှိနေသည့် စစ်ကောင်စီတပ်သားအင်အား ၆၀ ကျော်ခန့်မှ အတင်းအဓမ္မခေါ်ယူပြီး စစ်သားများတင်ယူကာထွက်သွားသည်ဟု မျက်မြင်သက်သေတစ်ဦးကပြောသည်။

“စစ်သား ၆၀ လောက်ရောက်လို့ရှိပါတယ်၊ သူတို့က မနက် ၇နာရီလောက်ကတည်းကရောက်နေကြတာပါ၊ အဲဒီအချိန်မှာ တေဘာကားက ဓာတ်ဆီဖြည့်ဖို့သွားတာနဲ့တူတယ်၊ ဆီဆိုင်ရှေ့မှာ ရပ်နေတဲ့ကားကို စစ်သားတွေက အတင်းအဓမ္မ လှမ်းခေါ်ပါတယ်၊ ပြီးတော့ သူတို့အထုတ်တွေတင်တယ်၊ စစ်သားတွေတင်တယ်၊ ပြီးရင်​မြို့ထဲဖက်ကိုထွက်သွားပါတယ်” ဟု ၎င်းကဆက်ပြောသည်။

ယနေ့ နံနက် ၇နာရီကျော်အချိန်တွင် ကျောက်တော်မြို့ထဲသို့ ရဲကား ၁စီး၊ စစ်ကား ၅စီး စုစုပေါင်း စစ်အင်အား ၁၀၀ ကျော်ခန့်ဖြင့်မြို့ထဲတွင်လှည့်လည်သွားလာနေကြကြောင်းမြို့ခံများပြောပြချက်အရ သိရသည်။

ကျောက်တော်မြို့တွင် ဓာတ်ဆီးဖြည့်ရန် ရောက်နေသည့် တေဘာကား ၁စီးကို စစ်ကောင်စီတပ်ကလုယူ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ