Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်မြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ဗုံး ၂ လုံးကြဲချ

AB News – မတ်လ ၅၊ ၂၀၂၄

ရက္ခိုင်ပြည်၊ ကျောက်တော်မြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့်ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချခဲ့ကြောင်း သိရသည်။

ယနေ့ မတ်လ ၅ ရက်နေ့ မနက် ၁၂ နာရီ ၅ မိနစ်တွင်   မကွေးဖက်မှ ရက္ခိုင်သို့တက်လာသည့် စစ်ကောင်စီ၏ ဂျက်ဖိုက်တာ ၁ စီးသည် ကျောက်တော်မြို့သို့ ဗုံးကြဲချခဲ့သော်လည်း လူထိခိုက်မှုမရှိခဲ့ကြောင်း မြို့ခံတစ်ဦးက AB News သို့ ပြောသည်။

“မကွေးဖက်ကနေ ရက္ခိုင်ကိုတက်လာပါတယ်။ ပြီးတော့ မြို့ထဲကို ဗုံးကြဲချတယ်။ လျှပ်စစ်ရုံးဝန်းကျင်မှာ ၁ လုံးကျတယ်။ ကံကြီးရှင်ဘုရား အနီးက စိုက်ပျိုးရေးခြံအနီးမှာ ၁ လုံးပေါက်ကွဲတယ်။ လူထိခိုက်တာတော့ မရှိဘူး” ဟု ဆိုသည်။

ကျောက်တော်မြို့သည် ရက္ခိုင့်တပ်တော် အပြီးသတ်သိမ်းပိုက်ထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများ ကင်းစင်နယ်မြေတစ်ခုလည်းဖြစ်သည်။

“ပုဏ္ဏားကျွန်းမြို့ရှိ တစ်ခုတည်းသော လက်ကျန်တပ်ရင်းဖြစ်သည့် “ခမရ (၅၅၀)” အား ရက္ခိုင့်တပ်တော်မှ ယမန်နေ့ မတ်လ ၄ ရက်နေ့စက အကြမ်းဖက်စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ တပ်များပေါင်းပြီး အပြင်းအထန်ခုခံနေသည့်ကြားက အာရက္ခစစ်သည်တော်တို့မှ ရဲရင့်ပြောင်မြောက်စွာဖြင့် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကာ ပုဏ္ဏားကျွန်းမြို့အားလည်း သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း” AA ၏ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့အ​​ပြင် ပုဏ္ဏားကျွန်းမြို့အား လက်လွှတ်လိုက်ရသည့် အကြမ်းဖက်စစ်ကောင်စီသည် ရသေ့တောင်-ပုဏ္ဏားကျွန်းကားလမ်းမရှိ စေတီပြင်တံတားအား ညနေ (၄) နာရီ (၅၇) မိနစ်မှ (၅) နာရီ (၁၇) မိနစ်အချိန်အထိ ဂျက်တိုက်လေယာဉ် (၂) စီးဖြင့် (၁၂) ကြိမ်တိုင်တိုင် လာရောက်တိုက်ခိုက်ဖျက်စီးခဲ့ကြောင်း AA ကဆိုသည်။

ထိုကြောင့် တံတားနှင့် တံတားအနီးရှိ စက်လှေ ၂ စီးပျက်စီးသွားသည်ကို တွေ့ရသည်။

လက်ရှိတွင် ၎င်းတို့သည်  ရက္ခိုင့်တပ်တော် အပြီးသတ်သိမ်းပိုက်ထားသော မင်းပြားမြို့၊ ကျောက်တော်မြို့၊ ပုဏ္ဏားကျွန်းမြို့ တို့အား မကြာခဏ လာရောက် ဗုံးကြဲဖျက်ဆီလာသည်ကို တွေ့ရသည်။

Website
www.arakanbaynews.com    

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ