Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်မြိုနယ်၊ ပီချောင်း ဒေသတွင် အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်း ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးတစ်ဦးအပါအဝင် ၄ ဦးသေဆုံးပြီး နေအိမ် ၁ ဆောင်မီးလောင်ပျက်စီး

AB News- ဇန်နဝါရီ ၁၇၊ ၂၀၂၄

ယ နေ့ ဇန်နဝါရီ ၁၇ ရက်၊ နေ့လည် ၁နာရီ အချိန်ခန့်တွင် ရက္ခိုင်ပြည်၊ ကျောက်တော်မြိုနယ်၌ တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိဘဲ၊ ပီချောင်းဒေသတွင်းရှိ ဝဲကြီးထောင့်ကျေးရွာ၊ လင့်ဇင်ရွာသစ်ကျေးရွာ၊ သဲပုံကျေးရွာနှင့် တောင်မူဇီကျေးရွာများအား အကြမ်းဖက်စစ်ကောင်စီအဖွဲမှ လက်နက်ကြီးပစ်ခတ်မှု  Y12လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုတို ကြောင့် လင့်ဇင်ရွာသစ်ကျေးရွာမှ ကလေး ၁ ဦးအပါအဝင် ၄ ဦးသေဆုံးခဲ့ ပြီး နေအိမ် ၁ ဆောင်လည်း မီးလောင်ပျက်စီးသွားကြောင်း AB News မှစုံစမ်းသိရှိရသည်။

သေဆုံးသွားသူများမှာ  လင့်ဇင်ရွာသစ်ကျေးရွာမှအသက် ၁၀ နှစ်ရွယ်သား ၁ဦး၊ သူ၏မိခင်တိုနှင့်ကျောက်တော်မြိုမှ စစ်ဘေးရှောင် အသက် ကြီးပိုင်းလင်မယား ၂ ဦးတိုဖြစ်သည်။ ၎င်းတို၏ နေအိမ်မှာလည်း မီးလောင်ပျက်စီးသွားခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီအဖွဲသည် စစ်ရေးနှင့်မသက်ဆိုင်သည့် လူ နေ နေရာ ကျေးရွာဒေသများအား ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများ၊ Jet fighter ၊ Y12 ၊ Mi 35၊ ဇက်နေဗီများဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရက္ခိုင်ပြည်သူများ၏ အသက်အိုးအိမ်များ သေကြေ ပျက်စီးမှုများမှာလည်း တစ်ရက်ထက် တစ်ရက်ပိုများလာနေသည်။

အင်တနက်၊ ဖုန်းလိုင်းများ ပြတ်တောက်နေခြင်းကြောင့် အသေးစိတ်အချက်အလက်များ ရရှိရန် ခက်ခဲနေသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ